Part(46)-end

4.5K 89 4
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(46)-ဇာတ်သိမ်းပိုင်း

""ထင်ရှားသူရနှင့် ရည်ရွယ်မွန်တို့စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းခြင်း""

အွန်လိုင်းသတင်းမှာရော၊ သတင်းစာစောင်ထဲမှာပါ ပျံ့နှံ့လာသည့် ထိုသတင်းကို ရဝေသော်တွေ့လိုက်ပါသည်။ နောက်ဆုံးတော့ သူက သူမကိုပေးထားတဲ့ကတိကို တည်ခဲ့ပြီ။

ရဝေသော် စိတ်ထဲ သူ့ကိုအမှတ်နည်းနည်းပေးလိုက်သည်။ တစ်ကယ်ချစ်နေပါပြီဆိုတဲ့စကားမျိုး အခုထိမပြောလာပေမဲ့ သူမကလွဲရင် ကျန်တဲ့မိန်းကလေးစိတ်မဝင်စားတာကိုပဲ ကျေးဇူးတင်ရသည်။ ထင်ရှားသူရက ဒီလိုနားလည်ပေးမှရမည်။

"တွင်!.."

စာဝင်လာသည့်အသံကြောင့် ကြည့်မိတော့ ထင်ရှားသူရဆီက။ သူ့အကြောင်းတွေးမိတဲ့အချိန် သူ့စာကကွက်တိရောက်လာသည်။

*နေ့လည်စာအတူတူစားရအောင်*

*မအားဘူး*

*မအားတဲ့သူက စာပို့တာမြန်လိုက်တာ...လာခေါ်စေချင်တာလား*

*ဘယ်သူကလာခေါ်စေချင်တယ်ပြောလို့လဲ တစ်ကယ်မအားတာ*

*ဒါဆို ကိုယ်ကတစ်ယောက်တည်းစားရမှာလား*

*ဟင့်အင်း မီတင်ပြီးရင်လာခဲ့မယ်*

အခုလောလောလတ်လတ်မှ စေ့စပ်ပွဲဖျက်ထားတဲ့သူနဲ့ ‌အတင်းအဖျင်းတွေကို ဂရုမစိုက်ဘဲမတွေ့ချင်။ မတွေ့ချင်ဘူး‌ပြောရင် ထင်ရှားသူရက အလုပ်ထိလိုက်လာပြီး ပိုင်စိုးပိုင်နင်းလုပ်လိမ့်မည်။ ထို့ကြောင့် ကိုယ့်စိတ်နဲ့ကိုယ်သွားဖို့ဆုံးဖြတ်လိုက်သည်။ ပြီးတော့ စာထဲမှာ ကိုယ်ဆိုတဲ့စကားနူးညံ့မှုလေးပါနေ၍ အလွယ်တကူလက်ခံလိုက်တာလည်းပါမည်။
.
.
.
ခေါ်တုန်းကခေါ်ထားပြီး သူက မိန်းမတစ်ယောက်နဲ့ဖက်လှဲတကင်းနေနေသည်။ ရဝေသော်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ လှည့်ထွက်ခဲ့သည်။ သူလည်း သူမရောက်နေတာမြင်တာကြောင့် လိုက်ခဲ့ကောင်းလိုက်ခဲ့လိမ့်မည်။ မဟုတ်ရင် အဲ့မိန်းမနဲ့ ဆက်ပြီးတီတီတာတာပြောလိမ့်မည်။

ထင်ရှားသူရ...နင်က ငါ့အချစ်ကို အကြိမ်ကြိမ်ရိုက်ချိုးနေတာ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now