Part(4)

1.7K 57 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(4)

"အမယ်လေး ဒီနေ့ကျ မမတို့ရဲ့မင်းသမီးလေးက လမ်းလျှောက်တာ ကျွမ်းနေပါလား "

စီနီယာမမ၏ ချီးကျူးသံကို ပြုံးရုံသာတုန့်ပြန်နိုင်သည်။ ဒီလိုကောင်းကောင်းလျှောက်တတ်ဖို့အတွက် မနေ့ညက တစ်ညလုံးနီးပါးလေ့ကျင့်ခဲ့ရတာ။ မနက်ဖြန်ဆို Welcomeရောက်ပြီ။ အခုထိ လမ်းမလျှောက်တတ်သေးတာ မဟုတ်သေး။

ကင်းကလည်း မမစကားကိုအသိအမှတ်ပြုသည့်သဘောဖြင့် ပြုံးတယ်ဆိုယုံလေးပြုံး၏။ ဒီလို‌ဆိုတော့လည်း ကြိုးစားရကျိုးနပ်သားပဲ။ တစ်ကျောင်းလုံးရဲ့အချေကိုယ်တော်က လက်ခံတယ်ဆိုတော့လေ။ အနှစ်ကိုယ့်ဘာသာတွေးပြီး ‌ကျေနပ်မှုရရှိနေ၏။

"ကဲ ဒီနေ့ လမ်းလျှောက်တာ အဆင်ပြေပြီဆိုတော့ ဒီနေရာကို စင်လို့သဘောထားပြီး အတည်လျှောက်မယ်နော် တစ်တွဲစီ ကိုယ့်တွဲဖက်ဆီသွားပါ "

စီနီယာမမ၏စကားကြောင့် လူတိုင်းက ကိုယ့်တွဲဖက်ဆီသွားကြတော့၏။ အနှစ်လည်း သူ့ဘေးနားမှာရပ်လိုက်ပါသည်။

"မမတို့ အရင်နှစ်ကမလုပ်ဖူးတဲ့ အတွဲလျှောက်တာဆိုတော့ လက်လေးတွေချိတ်မယ်နော် အားလုံးက မောင်နှမတွေမဟုတ်လား မရှက်ကြနဲ့နော် အချင်းချင်းတွေပဲ ကူညီဖေးမကြတာပေါ့"

"ဟုတ်ကဲ့ "

အားလုံးပြိုင်တူဖြေကြ၏။

ထို့နောက်တွင်တော့ တစ်တွဲချင်းစီ လျှောက်ကြတော့သည်။ အားလုံးပြီးသွားသည့်အခါ စီနီယာမမထံမှ စကားသံထပ်ထွက်လာပြန်သည်။

"ဒီတိုင်းလျှောက်တာ ရိုးတယ်...ပို့စ်လေးတွေပြပေးနော် နှစ်ယောက်အတူ အသည်းပုံလုပ်တာတို့ ဖက်တာတို့ အားလုံးရည်းစားထားဖူးကြတယ်မလား အတွဲတွေလုပ်သလိုမျိုးပေါ့ သရုပ်ဆောင်ပေးနော် ကလေးတို့...ဒီလိုဆိုရင် အရမ်းလှမှာ"

"ဟုတ်ကဲ့ "

အားလုံးက ရှက်သံလေးတွေနဲ့ပြန်ဖြေကြပါသည်။

စက်ဝန်းရဲ့နှုတ်ခမ်းက ထိပ်ကိုနည်းနည်းကော့တက်သွားသည်။ အနှစ်က သူ့ကိုဘုကြည့်ကြည့်ကာ ပြန်လှည့်သွားသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now