Part(38)

1.6K 54 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(38)

"ဟင် ထင်ရှား!.."

ပွဲထဲရောက်တော့ ထင်ရှားကိုပါတွေ့လိုက်ရ၍ အနှစ်အံ့ဩသွားသည်။

"နင်က သူ့အလုပ်ရှင်နဲ့လည်းသိတာပဲလား"

"အင်း အရင်က ‌ဖေဖေရဲ့တွဲဖက်တွေ!.."

"ဪ!.."

အနှစ်ထိုသို့ပြောရင်း ထင်ရှားဘေးဝင်ထိုင်လိုက်သည်။ သူမဘေးမှာတော့ သူကလာထိုင်သည်။

"စက်ဝန်းလာတာနောက်ကျလှပါလား"

"စီအီးအိုပေးထားတဲ့အလုပ်က အခုမှပြီးလို့လေ"

အနီးနားထိ တကူးတကလာနှုတ်ဆက်သည့်အထက်လူကြီးကို ပြန်ပြောလိုက်သည်က ဘုနဲ့ဘောက်။ ဒါကရိုင်းတဲ့အပြုအမူမျိုးဖြစ်၍ အနှစ် သူ့လက်ကို မသိမသာဆွဲဆိတ်သည်။

ထိုအခါ စက်ဝန်းသည် စိတ်ကိုလျော့ကာ သူမကို မိတ်ဆက်ပေးတော့သည်။

"စီအီးအို! ဒါက ကျွန်တော့်မိန်းမ...အနှစ်သာရ"

"အဟွန့် မင်းက ငါ့သမီးကိုငြင်းတာလည်းမပြောနဲ့ မဟေသီက တစ်ကယ်ချောတာကိုးကွ အန်ကယ့်နာမည်က ဦးမိုက်ဆန်ဂျေပါ"

စီအီးအိုက ဟာသသံနှောကာ ပြောလိုက်ပေမဲ့ ကြားလိုက်ရသည့်အနှစ်အတွက်တော့ဟာသဖြစ်မနေပါ။ သူမမရှိတဲ့နှစ်တွေမှာ ဒင်းက အရမ်းသာယာနေတာတွေးမိတော့ မကျေနပ်စိတ်က တင်းခနဲ။

"အန်ကယ်ကနှောက်တာပါ သမီး! အန်ကယ့်မှာ သားမရှိတော့ သားအရမ်းရချင်တာ ‌ဒါကြောင့် စက်ဝန်းကို သားအဖြစ်မွေးစားချင်တယ်လို့တောင်ပြောနေတာ အန်ကယ့်မှာ သမီးကတစ်ယောက်တည်းရှိတာပါကွယ် စက်ဝန်းကိုအရမ်းချစ်တယ်နဲ့တူတယ် မျက်နှာကတင်းနေတာပဲ"

အဲ!

ထိုသို့ပြောခံလိုက်ရပြန်တော့ အနှစ်ရှက်သွားသည်။ ခံစားချက်နောက်အရမ်းလိုက်မိသွားသည်နဲ့တူသည်။

"ကျွန်မတို့က နားလည်မှုရှိပါတယ်"

"အင်း ဒီကောင်ကိုတော့ အတော်နားလည်ပေးရမယ် တော်ရုံမရလောက်ဘူး"

"စီအီးအို သွားပါတော့ ခဏနေ သတို့သမီးကထွက်လာ‌ရတော့မှာ အဖေဖြစ်သူက သမီးနားမှာရှိနေပေးသင့်တယ်"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now