Part(23)

1.3K 48 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(23)

ပိုချစ်ရတဲ့သူက အလျှော့ပေးရစမြဲတဲ့။
ဒါဆို အခုချိန်မှာတော့ စက်ဝန်းက ပိုပြီးချစ်ရတဲ့သူဖြစ်လိမ့်မည်။ ဘာလို့လဲဆိုရင် အနှစ်တည်းတဲ့ဟိုတယ်နားမှာ အစောင့်ဖြစ်နေလို့ပင်။ သွား‌မချော့ပေမဲ့ အနီးနားမှာ အမြဲရှိသည်။

ထွက်လာပါပြီ ရယ်ရယ်‌မောမောနဲ့ မွန်လေးနှင့်အတူထွက်လာသည်။ သူမလေးက သူနဲ့မတွေ့ရတာတောင် မျက်နှာကရွှင်ပြနေ၏။ သူကသာအိပ်မရတာ။

"ငါတို့ဒီနေ့ ဘွဲ့ဝတ်စုံသွားဝယ်ကြရင်း ဒိတ်ရအောင်"

"အင်း ငါတို့အတူမသွားဖြစ်တာတောင်ကြာပြီ"

T&Tဟိုတယ်ထဲကနေ မွန်လေးနဲ့အနှစ်စကားပြောရင်း ထွက်လာခဲ့ကြခြင်းဖြစ်သည်။ အနှစ်သည် မွန်လေးအိမ်မှာ တစ်ရက်သာနေပြီး နောက်တစ်ရက်ကျဟိုတယ်ကိုပြောင်းလာတာဖြစ်သည်။ မွန်လေးအိမ်မှာနေတာကြာရင် မေမေတို့ပါ သူမတို့ရန်ဖြစ်ထားကြတာသိမှာဆိုး၍ မွန်လေးဆီက ပိုက်ဆံချေးကာ ဟိုတယ်မှာလာနေခြင်းဖြစ်သည်။ အဝတ်အစားကိုတော့ မွန်လေးဆီက ယူခဲ့သည်။ ဆိုဒ်တူ၊ဂိုက်တူမို့ သိပ်ကိစ္စမရှိ။ ပြီးတော့ ဒီဟိုတယ်က တခြားဟိုတယ်မဟုတ်။ ဟိုမိန်းမတည်းတဲ့ အသွန်းမိဘတွေဟိုတယ်ဖြစ်သည်။ နေရာတော့မတူပေ။

တူလည်းမတူချင်ပါ။ ‌စိတ်ကို အနှောင့်အယှက်ပေးတာတင်ရပြီ။ နေရတာထိပါ အနှောင့်အယှက်မဖြစ်ချင်။

"အလုပ်ကဘယ်ကိုလျှောက်ဖို့ ပြင်ထားလဲ"

"အလုပ်သင်ဆင်းတဲ့နေရာပဲ ဒါပေမဲ့ စက်ဝန်းက အလုပ်လုပ်ဖို့ခွင့်မပြုဘူး"

ရန်မဖြစ်တဲ့အချိန်မှာ ကိုကိုလို့ညင်ညင်သာသာခေါ်ပေမဲ့ အခုချိန်မှာတော့ စက်ဝန်း၊စက်ဝန်းအလွန်လို့သာပြောလေ့ရှိသည်။ အနှစ်သာရက သူ့ထက် နည်းနည်းပိုပြီးမာနကြီးချင်တာက စတွေ့ကတည်းကဖြစ်သည်။

"ဒါလည်းကောင်းသားပဲ သူရှာကျွေးမယ်ဆိုတော့...အသေသာဖြုန်းပြစ်အနှစ်"

"သူ့ဘက်ကမဆင်ခြင်ရင် ငါက အလုပ်လုပ်မှာ သူတောင်ငါမကြိုက်တဲ့အရာကို လုပ်တာ ငါလည်း ပြန်လုပ်မှာ အခုလျှောက်တဲ့နယ်ကို သူသိပ်သဘောမကျဘူး"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now