Part(13)

1.5K 46 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(13)

"ကိုကို!..."

ကိုကို!?...

"အစ်မဘယ်သူ့ကိုခေါ်နေတာလဲ "

ရွှေရည်သွန်းက အနှစ်ကို မကြည်စွာမေးသည်။ သူမပြုံးလိုက်ရင်း ဘေးကစွံ့အနေသည့်သူ့လက်မောင်းကိုဆုပ်ကိုင်ကာ...

"ကိုကိုက ညီမလေးကိုမကြိုက်ပါဘူးတဲ့နော် သွားလိုက်ပါတော့ "

"အစ်မက ဘယ်သူမလို့လဲ သူငယ်ချင်းကသူငယ်ချင်းလိုနေပါ အခေါ်အဝေါ်ကို သတိထားပါ"

"အာ အစ်မမိတ်ဆက်ဖို့မေ့နေတာ...အစ်မက ဒီကကိုကိုရဲ့ချစ်သူ အနှစ်သာရ...လို့ခေါ်တယ်"

"ဘာ! မဖြစ်နိုင်တာ အရင်ရက်တွေက အစ်မရှေ့မှာ အသွန်းဖွင့်ပြောခဲ့တာ အစ်မဘာမှမပြောပါဘူး"

"အဲ့တုန်းက အစ်မက ကိုကို့ကိုစိတ်ကောက်နေတာလေ...ဒါကြောင့်ဒီအတိုင်းလွှတ်ထားမိတာ ဒါပေမဲ့ ညီမလေးအပြုအမူတွေက လွန်လာလို့ အစ်မတားရတာပါ"

"အဲ့ဒီတော့ လက်လျှော့ရမှာလား"

"ချစ်သူရှိတာတောင် မလျှော့နိုင်ဘူးလား"

"ဟုတ်ကဲ့ ကိုကြီး အရင်ရက်တွေက အသွန်းကိုမငြင်းခဲ့တာက မငြင်းခဲ့တာပဲနော် ကိုကြီးကိုအသွန်းဆက်လိုက်မှာ ဘယ်သူတွေရှုပ်ရှုပ်"

"ငါက မင်းကိုမငြင်းခဲ့တာမဟုတ်ဘူး ဂရုမစိုက်ခဲ့တာ ဒါကြောင့် ဒီလောက်ပဲ သိက္ခာအကျခံပါတော့ "

"အသွန်းမယုံဘူး ဒီအစ်မက ကိုကြီးချစ်သူဆိုတာ"

"ဒီမှာ အစ်မတို့ဆင်တူလက်စွပ် "

သူမ သူ့လက်ကို ဆွဲကိုက်လိုက်ကာ လက်ထပ်လက်စွပ်ကို မြင်သာအောင်ပြလိုက်၏။ အရင်ရက်တွေက လက်မှာမစွပ်ဘဲ လည်ပင်းမှာ ဆွဲထားတာကြောင့် ရွှေရည်သွန်းမမြင်နိုင်။ အခုရက်ပိုင်းမှ ပြန်လည်ဝတ်ဆင်ခဲ့တာဖြစ်သည်။

ထင်ရှားနဲ့မွန်လေးကလည်း မျက်လုံးပြူးမျက်ဆံပြူးတွေနှင့်။ ရွှေရည်သွန်းက ဆွံ့အနေသည့် နှစ်ယောက်ကိုကြည့်ကာ နှုတ်ခမ်းကို သိသိသာသာမဲ့လိုက်ရင်း...

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now