Part(2)

2.1K 67 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(2)

"အဟွန်း..."

အတန်းတက်ဖို့ ငါးမိနစ်လိုသေး၍ ဆရာမကိုစောင့်နေစဉ်မှာ စက်ဝန်းက ‌မနက်က ကန်တင်းမှာ အနှစ်ရဲ့အပြုအမူနဲ့စကားတွေကို ပြန်မြင်‌မိ၍ လှောင်ရယ်သံထွက်လာသည်။

"ဘာဖြစ်တာလဲ "

"အတန်းမတက်တော့ဘူး စာကြည့်တိုက်သွားမလို့ "

‌စက်ဝန်းအတန်းမတက်ရင် ထင်ရှားလည်းလစ်နေကြ။ နောက်ဆက်တွဲစကားကြောင့် ငြိမ်ကျန်ခဲ့တာဖြစ်သည်။ ကျောင်းလစ်မယ်ဆို နှစ်ခါမခေါ်ရသည့်ထင်ရှားက စာကြည့်တိုက်သွားရမှာကိုတော့ အသေကြောက်သည်။

စက်ဝန်းစာကြည့်တိုက်ထဲဝင်လာပြီး နီးစပ်ရာစာအုပ်တစ်အုပ်ဆွဲယူကာ စင်‌ထောင့်မှာ ရပ်လျက်သားဖတ်နေမိ၏။

စာဖတ်နေတယ်ဆိုပေမဲ့ စာကို အာရုံမရပါ။ အနှစ်သာရရဲ့ချေမိုးမှုကိုသာ မျက်လုံးထဲမြင်လာသည်။

သူမက သူ့ထက် ထင်ရှားကို ပိုပြီးခင်တွယ်တာကို မကျေနပ်။ မကျေနပ်တာထက် မာနထိတာ။ ဒါကြောင့် သူမဘက်က ရွဲ့ပြောတာကို ပြန်မပြောဘဲ ငြိမ်နေတာဖြစ်သည်။

"ကျစ်..."

ဖတ်နေ့သည်စာအုပ်ကို ဘုန်းခနဲပိတ်ချပြစ်မိ၏။
သူဘာဖြစ်နေတာလဲ? ဘာလို့သူမကို တွေးနေမိတာလဲ?

အရင်ကစက်ဝန်းနဲ့မတူအောင် သူမက အတွေးထဲရောက်ရောက်လာသည်။ သူကြွေလောက်သည့် ပုံစံမျိုးမဟုတ်ဘဲနဲ့။

ထိုစဉ် သူ့မျက်လုံးထဲဝင်လာခဲ့သည့်အရိပ်လေး...

✿⁠............✿⁠...........✿⁠

နေ့လည်ထမင်းစားပြီး စာကြည့်တိုက်မှာရှာစရာရှိ၍ အတန်းမတက်ဖြစ်။ မွန်လေးကတော့ တခြားသူငယ်ချင်းတွေလာခေါ်၍ အတန်းမပျက်ပါ။ ထို့ကြောင့်အနှစ်တစ်ယောက်တည်း လာဖြစ်၏။

"ဘုတ်..."

လိုချင်တဲ့စာအုပ်ကိုရှာနေရင်းမှ စင်ထောင့်မှာ လူတစ်ယောက်နဲ့တိုက်မိသည်။ ယောက်ျားလေးတစ်ယောက်နဲ့တိုက်မိတာကြောင့် အနှစ်ကိုယ်လေးလဲတော့မည့်ဆဲဆဲမှာ ထိုယောက်ျားလေးက လက်ကိုဆွဲထားပေးသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now