Part(3)

1.9K 70 5
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(3)

စက်ဝန်းတောင်းပန်ပြီး နောက်တစ်ရက်!

"ခဏ ခဏလေး အနှစ်သာရ..."

အနှစ်နောက်ကို ပြေးလိုက်လာသည့်ကျောင်းသူတစ်ယောက်။

"ဘယ်သူ..."

"နင်က ငါ့ကိုသိမှာမဟုတ်ဘူး...ငါက ဘီခန်းက ရဝေသော် "

မျက်မှန်အထူကြီးကို ပင့်တင့်ရင်းမှ မိတ်ဆက်လာသည့် ရဝေသော်ကို သူမက ဖော်ရွေစွာခေါင်းငြိမ့်ပြလိုက်၏။

"ငါမေးစရာရှိလို့ "

"မေးကြည့်ပါ..."

"နင်နဲ့ စက်ဝန်းအလွန်က ဘယ်လိုဆက်ဆံရေးလဲ..."

"ငါတို့က ဆက်ဆံရေးတစ်ခုလို့သတ်မှတ်ရတဲ့ထိ စကားမပြောဖူးဘူး "

"ဒါဆို နင်တို့နှစ်ယောက်က လိုင်းပေါ်မှာပျံ့နေသလိုမျိုးမဟုတ်ဘူးပေါ့ "

"အင်း "

သူမအဖြေကြောင့် ရဝေသော်အတော်ပျော်သွားပုံရသည်။ ပါးချိုင့်တွေပေါ်သည်အထိရယ်‌၏။

"ကျေးဇူးပဲ "

သူမဘာမှမပြောဘဲ လှည့်ထွက်ခဲ့၏။ ပြီးမှ သတိရကာ နောက်ပြန်လှည့်လိုက်ရင်း...

"ဒါနဲ့လေ နောက်ခါ ငါ့ကိုမမေးဘဲ ကင်းကိုသွားမေးပါ...ဒါမျိုးက ကာယကံရှင်ကပဲ သေချာဖြေနိုင်တာ...သူ့မှာ ငါမဟုတ်တဲ့တခြားသူရှိချင်ရှိနေမှာ...ဒါကြောင့် ငါပြောချင်တာက ငါနဲ့ကင်းက ဘာဆက်ဆံရေးမှမဟုတ်ဘူး"

သူမစကားကြောင့် ရဝေသော်မျက်နှာတည်သွား၏။ ထို့နောက်တွင်တော့ ဘယ်လိုပုံစံမျိုးဖြစ်နေမယ်ဆိုတာ သေချာမသိတော့ပေ။

"မိုက်တယ် အနှစ် "

မွန်လေးက ဒါကိုကောင်းတယ်ဆိုပြီး လက်မထောင်ပြသည်။ သူမဘာမှပြန်မပြောဘဲ ခေါင်းသာခါမိတော့သည်။

"ကင်းနဲ့သတင်းထွက်ရတဲ့နင်လည်းမလွယ်ပါလားကွယ်...ခဏက ကင်းကိုကြိုက်နေတယ်ထင်တယ်"

"ဟုတ်မှာပေါ့..."

နေ့လည်က အနှစ်ဖြေလိုက်တဲ့စကားက ကင်းရဲ့နားထဲကို ဘယ်လိုရောက်သွားသည်မသိ ညနေကျောင်းဆင်းတော့ စက်ဝန်းအလွန် အနှစ်ဆီကို တည့်တည့်ရောက်လာပြန်သည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now