Part(32)

1.5K 53 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(32)

"ဟင်!"

"အစ်မ..."

"ဟင်! အစ်မ...အစ်မအနှစ်သာရမဟုတ်လား"

အနှစ် သမီးလေးအတွက် ဈေးမှာ အဝတ်အစားတစ်ချို့ဝယ်ပြီးပြန်ထွက်လာတော့ နောက်ကနေဆက်တိုက်ခေါ်ကာမေးလာသည့် အသံကြောင့် လှည့်ကြည့်မိတော့...

"အသွန်း"

"ဟုတ်တယ် အစ်မရယ် မတွေ့ရ‌တာတောင် တော်တော်ကြာနေပြီ"

အသွန်းက ဝမ်းသာအားရနဲ့ အနှစ်ကို ဖက်သည်။

"ဘယ်တွေပျောက်နေတာလဲ ကိုကြီးစက်ဝန်းက နေရာအနှံ့လိုက်ရှာနေတာ သိလားမနှစ်ရဲ့"

အနှစ် သူ့အကြောင်းပါလာ၍ မျက်နှာမဲ့လိုက်သည်။ တွန်းထုတ်ခဲ့တုန်းက တွန်းထုတ်ခဲ့ပြီး အခုမှ လိုက်ရှာနေသည်တဲ့။ သူများအမြင်မှာတော့ သူက အမှတ်ရမှာပဲ။

"အသွန်းက အခုဘယ်သူနဲ့လာတာလဲ"

"အမျိုးသားနဲ့ပါ!.."

"ဟင်! ဘယ်တုန်းကအိမ်ထောင်ကျသွားတာလဲ"

"သိပ်မကြာသေးဘူးမနှစ် လပိုင်းပဲရှိသေးတယ် ဟီး...ကိုကြီးကိုလိုက်တွေ့လေ ကိုကြီးက မနှစ်နဲ့တွေ့ရင်ဝမ်းသာမှာပါ"

"ကိုကြီး?"

အနှစ်စိတ်ထဲ ကော်ရှင်မတ်တွေကတန်းစီပေါ်လာသည်။ အသွန်းအမျိုးသားကို သူမကသိတာလား။ အသွန်းနဲ့ပတ်သတ်ရင် ကိုသူရိယကိုပဲသိတာကို။ ကိုသူရိယမဖြစ်နိုင်။ မောင်နှမတွေက ယူလို့မှမရဘဲ။

"လာပါ လိုက်တွေ့ဦး...မနှစ်မြင်ရင်အံ့ဩသွားမှာ"

အသွန်းက ဘာမှမပြောဘဲ အနှစ်ကိုဆွဲခေါ်သွားသည်။

"ဟင် ကိုသူရိယ"

"အနှစ် အနှစ်ဟုတ်တယ်မလား"

"ဟီး ပြောသားပဲ ကိုကြီးကိုတွေ့ရင် မနှစ်အံ့ဩမှာပါဆို"

"မဟုတ်! မဟုတ်သေးဘူး အသွန်း...အသွန်းပြောတော့ အသွန်းနဲ့ကိုသူရိယကမောင်နှမလို့ပြောတယ်မလား"

"ဟုတ်တယ် ဒါပေမဲ့ အရင်းမဟုတ်ဘူး ကိုကြီးကို အသွန်းဖေဖေနဲ့ဖိုးဖိုးက မွေးစားထားတာ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now