Part(1)

4.1K 86 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(1)

ကျွန်တော့်နာမည်က ထင်ရှားသူရ။ လက်ရှိLaw Majorစတုတ္ထနှစ်တက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။
ကျယ်ဝန်းလှတဲ့တက္ကသိုလ်မှာပျော်စရာအမှတ်တရ၊နာကျင်စရာအဖြစ်အပျက်တွေရှိခဲ့သည်။ ကျွန်တော်က ထိုအဖြစ်အပျက်တွေရဲ့အစတရားခံလည်းဖြစ်ခဲ့သည်။ ကျွန်တော်ကြောင့် လူနှစ်ယောက်ရဲ့နှလုံးသားတို့ ဒဏ်ရာရခဲ့ကြသည်။ မဟုတ်ဘူး နှစ်ယောက်သောသူသာမက နာကျင်ခဲ့ရသည်။

အကယ်၍ သူသာ စက်ဝန်းအလွန်နဲ့အနှစ်သာရဆိုသော လူသားနှစ်ဦးကို မဆုံစည်းစေခဲ့လျှင်...

ထင်ရှားသူရစခဲ့သောဇာတ်လမ်း အစသည်...

၂၀၂၀ခုနှစ် ဒီဇင်ဘာလ...

"စက်ဝန်း..."

"ဘာလဲ "

"ဟိုမှာ ကျောင်းဝန်းထဲဝင်လာတဲ့ကောင်မလေးနှစ်ယောက်တည်းက ဆံပင်ရှည်တဲ့ကောင်မလေးကိုကြည့်လိုက်"

စက်ဝန်း သူငယ်ချင်းဖြစ်သူ ထင်ရှားသူရလက်ညိုးထိုးပြရာ ကြည့်လိုက်တော့ မြန်မာဝတ်စုံလေးနဲ့အတူ ခါးလယ်ထိရှည်လျားလှသည့်ဆံပင်ပိုင်ရှင်လေးကိုတွေ့လိုက်ရ၏။ ရုပ်ရည်က အဝေးကနေကြည့်လို့လားမသိ။ လှတဲ့ထဲမပါ။ သို့သော်ကျက်သရေရှိတာတော့ ဝန်ခံရမည်။

"တွေ့တယ် ဘာဖြစ်လို့လဲ..."

"သူက ငါတို့မေဂျာက မာနကြီးတယ်လို့ နာမည်ကြီးတယ်...သူ့ဘေးနားကမှ တစ်ကယ့်ကွင်း"

ရောက်တာနှစ်နှစ်မြောက်ဆိုပေမဲ့ စက်ဝန်းအလွန်က ဒါကို မသိတာ မထူးဆန်းပါ။ စက်ဝန်းအလွန်ဆိုတာ မိန်းကလေးတွေကြားရေပန်းစားပြီး ဘယ်မိန်းကလေးကိုမှ သေချာမကြည့်သည့် အသည်းခွဲကင်းဖြစ်သည်။ မသိတာအပြစ်မဟုတ်ပေ။

"အဲ့တော့..."

"သူမက မာနသိပ်ကြီးတာ ဒါကြောင့် ကွင်းမဟုတ်ပေမဲ့ ကွင်းလိုပဲနာမည်ကြီးနေတာ...နာမည်က အနှစ်သာရတဲ့ "

"ဘာဖြစ်သလဲ သူ့ဘာသာမာနကြီးတာ..."

အနှစ်သာရဆိုသောမိန်းကလေးကို အကြည့်လွှဲရင်းမှ ဖြေမိသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now