Part(42)

1.5K 48 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(42)

အနှစ်တို့ရှေ့မှာရှိတဲ့ကိုမိုးမြတ်ယံသည် မတွေ့ရတဲ့နှစ်အတွင်းမှာ အတော်ကိုအိုစာသွားသည်။ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်သလိုနေထားပုံရသည်။ နှုတ်ခမ်းမွှေး၊ပါးသိုင်းမွှေးတွေကိုလည်း သေချာမရှင်းထား။

"ဘယ်တုန်းကပြန်ရောက်တာလဲ"

"မ‌နေ့က...အဆင်ပြေနေကြလား"

"ဒီလိုပါပဲ..."

"ကျွန်မတို့ကိုဘာပြောစရာရှိလို့လဲ"

သူမ လိုရင်းကိုသာမေးလိုက်သည်။ ကိုမိုးမြတ်ယံနဲ့အကြာကြီးစကားပြောလို့ ကောင်းတာမှမရှိလာနိုင်တာ။ မွန်လေးက သူ့ကိုမေ့သွားပြီ။ မွန်လေးကိုနောက်ထပ်ဒဏ်ရာမရစေချင်တော့။

"မွန်လေးနဲ့တွေ့ချင်တယ်"

"သတင်းမကြားဘူးလား မွန်လေးက အခုရှင့်ကိုသတိမရတော့ဘူး မသိတဲ့သူကိုတွေ့ပြီး ဘာလုပ်မှာလဲ"

"အဟက် ရည်ရွယ်မွန်က အရမ်းဟန်ဆောင်ကောင်းတာကို မင်းမသိသေးဘူးလား နောက်ကျောကိုဓားနဲ့တစ်ခါအထိုးခံရပြီးရင် မှတ်မိသင့်တယ်...သေချာစမ်းကြည့်ပြီးပြီလား"

"အခုထိတော့ တစ်ကယ်ပဲ မင်း ရည်ရွယ်မွန်ကိုတွေ့ချင်တာမလား...ရော့ ဒါက ဆေးရုံလိပ်စာ တွေ့ပြီးရင် ပေါက်ကရစကားတွေမပြောနဲ့ ဟိုက အခုမှသတိပြန်ရလာယုံလေးရှိသေးတာ စကားကိုဂရုစိုက်ပြော"

သူမဘာမှပြန်မပြောရသေးခင် စက်ဝန်းကဝင်ဖြေသည်။ စကားအနေအထားတည်နေပုံအရ သူမကို မိုးမြတ်ယံနဲ့ရည်ရွယ်မွန်ကြား နောက်တစ်ခါမရောက်စေချင်ပုံပါပဲ။ ပြီးတော့ ‌သူမအစားမခံချင်တာလည်းပါလိမ့်မည်။

"အိုခေ ငါ့ဘာသာကြည့်လုပ်လိုက်မယ်"

"အင်း မင်းလည်း ဒီတစ်ခါသေချာစဉ်းစားပြီးမှလုပ်"

"စိတ်ချပါ..."

ထို့နောက် မိုးမြတ်ယံရဲ့မျက်ဝန်းက အနှစ်ဘက်ကိုရောက်လာသည်။ အရင်တုန်းက သူမအပေါ်ကို ချစ်မြတ်နိုးခြင်းအပြည့်နဲ့ကြည့်တတ်တဲ့အကြည့်က အခုတော့ ပုံမှန်လူတစ်ယောက်ကိုကြည့်နေရသည့်အကြည့်မျိုးဖြစ်သွားသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now