Part(17)

1.4K 47 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(17)

ရေကူးရတာ ပျော်ပေမဲ့ သူလုပ်ခိုင်းတဲ့လေ့ကျင့်ခန်းက ပြေးတာတဲ့။ ညဘက်ကြီးကိုပြေးခိုင်းတာတဲ့လေ။

"ကျွန်မက ပြေးရမှာလား..."

အနှစ် မှန်တင်ခုံရှေ့ထိုင်နေရင်းမှ မေးခွန်းထုတ်မိသည်။

"အင်း အစက တခြားလေ့ကျင့်ခန်းလုပ်ခိုင်းမလို့ ဒါပေမဲ့ မင်းက ညစာမစားဘူးဆိုတော့ ပြေးတာ အဆင်ပြေတယ် အဝတ်ပြန်လဲ!.."

"ဟင်! တခြားလေ့ကျင့်ခန်းလုပ်လို့မရဘူးလား"

"တစ်ခုတော့ရှိတယ် အဲ့ဒါက တစ်ကယ်ချွေးထွက်စေတယ်"

"ဘာလဲ..."

သူအနားကပ်ပြောလိုက်တဲ့စကားကြောင့်အနှစ်မှာ မျက်နှာပူလာပြီး ချက်ချင်းကိုချွေးတွေစို့တက်လာသည်။

"ရှင် နှာဘူးပဲ"

"ဘာလို့လဲ ငါကအနစ်နာခံပြီးကူညီပေးတာ ငါကတောင်နစ်နာရဦးမှာ..."

"ရှင်ရူးနေလား အဲ့တာရွေးမဲ့အစားပြေးပဲပြေးမယ်!.."

"ငါတို့မကြုံဖူးတာလည်းမဟုတ်ဘဲနဲ့ ဘာလို့ကြောက်နေတာလဲ "

"ကျွန်မမကြောက်ပါဘူးနော် ရှင်တမင်နှာဘူးကျလို့ ပြောနေတာ"

"မကြောက်ရင် စမ်းကြည့်မလား..."

အနှစ် နှောက်နေသူကို အမြင်ကပ်စွာကြည့်ရင်းမှ  မေးခွန်းထုတ်မိပြန်သည်။

"ရှင် ကျွန်မနဲ့မှ ပထမဆုံး ဟုတ်ရဲ့လား"

"မင်းဘယ်လိုထင်လို့လဲ..."

"မထင်ပါဘူး ရှင်က ဒီလောက်အတွေ့အကြုံရှိတာ"

စက်ဝန်းရယ်လိုက်၏။ အမှန်က အတွေ့အကြုံရှိတာမဟုတ်ဘဲ သူမနဲ့ကျမှ သူ့အလိုလိုဖြစ်သွားတာ။ ပြီးတော့ လက်တွေ့မှ အသုံးဝင်တာမဟုတ်ဘဲ စာတွေ့ကလည်းအသုံးဝင်တယ်ဆိုတာ မသိလေလျော့သလား။

စက်ဝန်းရယ်နေတာကို အနှစ်က ဘယ်လိုတွေးမိသွားသည်မသိ။

"ဒါဆို ရှင်က တွဲသမျှမိန်းမနဲ့အိပ်တယ်ပေါ့!.."

သူမ အံဩသည့်ပုံစံနဲ့ ပါးစပ်ကို လက်နဲ့အသာအုပ်ကာပြော၏။

"မင်းလည်း တွဲတဲ့ဘဲတိုင်းနဲ့ အိပ်သလား "

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now