Part(29)

1.2K 46 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(29)

အနှစ်သည် နောက်တစ်ရက်မှာပင် သူ့အိမ်ကထွက်ခဲ့သည်။ ဒေါ်ဒေါ်တို့က အနှစ်ထွက်သွားမယ်ဆိုတာ အခုမှသိပြီးတားသည်။ သို့သော် ဆုံးဖြတ်ပြီးသားကိစ္စမို့ မတွန့်ဆုတ်ဘဲ ကိုကြီးကိုဖုန်းဆက်ပြီး လာကြိုဖို့ခေါ်ခဲ့သည်။

မနက်‌(၆)နာရီအချိန်မှာ ညီမဖြစ်သူရဲ့အရေးတကြီးခေါ်မှုကြောင့် မျက်နှာတောင်သေချာမသစ်နိုင်ဘဲ ဖြစ်သလိုသစ်ကာထွက်လာခဲ့သည့်မင်းထက်သည် စက်ဝန်းအိမ်ပေါ်ကဆင်းဖို့ခေါ်တယ်ဆိုတာသိလိုက်ရတော့ ခဏတာမှင်သက်သွားရ၏။

"ညီမလေးတို့ ပြဿနာဖြစ်တာလား"

"မဟုတ်ပါဘူး အနှစ်တို့ပြီးဆုံးသွားတာ"

"ဟင်!.."

"အိမ်ရောက်ရင် သေချာရှင်းပြပါမယ် အခုလောလောဆယ်တော့ အနှစ်ကို ဒီကနေ ခေါ်ထုတ်သွားပေးပါ"

မျက်နှာလေးတည်ကာ ခပ်တင်းတင်းပြောဆိုလာသည့်အနှစ်ကြောင့် မင်းထက်ဘာမှဆက်မမေးတော့ဘဲ အထုတ်တွေကိုကားထဲထည့်ကာ အိမ်ကိုသာခေါ်လာခဲ့‌သည်။ သူ့ညီမလေးက တစ်လှမ်းလုံးဘာစကားမှမပြောသဖြင့် မင်းထက်ရင်ထဲပိုပြီးစိုးရိမ်လာရသည်။

စက်ဝန်းနဲ့ဘယ်လိုပြဿနာများဖြစ်နေကြတာလဲ။ အရင်လက သူ့ဆိုင်မှာ စက်ဝန်းကိုလာခေါ်တုန်းက သူ့ညီမလေးနဲ့စက်ဝန်းသည်အဆင်ပြေတဲ့ပုံစံရှိသည်။ တစ်လအတွင်းဘာတွေများဖြစ်သွားခဲ့တာလဲ။

အိမ်ပြန်ရောက်သည့်အခါ အနှစ်သည် စက်ဝန်းနဲ့ကွာရှင်းမယ်ဟုပြောလာသည်။

"အနှစ် သမီး! အိမ်ထောင်ရေးဆိုတာ အခုပေါင်း၊အခုကွဲလို့ရတာမဟုတ်ဘူး သမီးတို့လက်ထပ်တာ အခုမှတစ်နှစ်ခွဲပဲရှိသေးတယ်"

"တစ်နှစ်ခွဲအတွင်းမှာ အနှစ်တို့သဘောထားမတိုက်ဆိုင်ကြလို့ပါမေမေ"

"မရဘူး သားကြီး စက်ဝန်းကိုခေါ်လိုက်! အခုဖုန်းဆက်!"

"မဆက်နဲ့ကိုကြီး! အနှစ်တို့နှစ်ယောက် သေချာစကားပြောပြီးမှ ဆုံးဖြတ်ထားတာ ပြောင်းလဲစရာဘာမှမရှိဘူး"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now