Part(26)

1.2K 45 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(26)

အနှစ်နဲ့တွေ့ဖို့ မွန်လေးဘယ်လောက်ပဲ ရှောင်ပြေးနေပါစေ ပြေးလို့မလွှတ်နိုင်ခဲ့။ အနှစ်က မရရအောင်‌လာတွေ့ခဲ့သည်။

"ဒါကို ရှင်းပြပေးမလားဟင် မွန်လေး!...ငါ မွန်လေးဆီက အဖြေကို ကြားချင်တယ်"

မွန်လေးက သူမကမ်းပေးသည့် စာအိတ်လေးကို တုန်ရီစွာယူသည်။

"ဒါကို အခုထိ သိမ်းထားတာတဲ့လား "

"အင်း အစ်ကိုက အနှစ်သာရထင်ပြီး နင်ပေးထားသမျှစာတွေကို အကုန်သိမ်းထားတယ်တဲ့..."

အနှစ်ဘက်မှ တိကျစွာပြောလာသည်မို့ မွန်လေးရှောင်ပြေးဖို့မကြိုးစားမိပါ။ အစကတည်းကရှောင်ပြေးဖို့တွေးခဲ့တာမဟုတ်ပေမဲ့ အားယူရမဲ့ကိစ္စဖြစ်နေ၍ နှုတ်ဆိတ်နေခြင်းဖြစ်သည်။

"ငါတောင်းပန်ပါတယ် ငါလိမ်ဖို့မရည်ရွယ်ပါဘူး ငါပထမဆုံးရင်ခုန်မိတဲ့အစ်ကို ခံစားရမှာဆိုးလို့..လိမ်ခဲ့တာ"

"နင့်ခံစားချက်ကို ငါနားလည်တယ် ဒါပေမဲ့ အဲ့တုန်းကတည်းက နင်ဖွင့်ပြောသင့်တယ် အခုလွန်ကုန်မှ..."

အနှစ် ခေါင်းငုံ့ကာ ငိုနေသည့်မွန်လေးကိုကြည့်ရင်း သနားလည်းသနား၊ပြောလည်းပြောပြစ်ချင်သည်။ အစကတည်းကသာ ဒီလိုရှင်းပြခဲ့ရင် မဖြစ်သင့်တာတွေဖြစ်မည်မဟုတ်။

"နင်သာ မလိမ်ခဲ့ရင် အစ်ကိုဒီလိုဖြစ်မှာမဟုတ်ဘူး အခု အဖြစ်မှန်ကိုသိသွားရင် အစ်ကိုဘယ်လောက်ခံစားရမယ်ဆိုတာ နင်တွေးမိရဲ့လား အစ်ကို ဘဝကို လက်လျှော့တဲ့ထိဖြစ်သွားနိုင်တယ် သိရဲ့လား...သူတစ်ချိန်လုံးချစ်ခဲ့တာ အနှစ်သာရကိုမဟုတ်ဘဲ မွန်မြတ်ခြယ်ဆိုတာသိသွားရင် ဘယ်လိုလုပ်မလဲ လမ်းခွဲခြင်းကတောင် ဒီလောက်ထိမိုက်ရူးရဲဆန်စေခဲ့ရင် တစ်ချိန်လုံးလိမ်နေပါတယ်ဆိုရင် ဘယ်လောက်ထိဖြစ်သွားလိမ့်မလဲ အဲ့တာအစ်ကို့ကိုချစ်တာမဟုတ်ဘဲ ဖျက်ဆီးပြစ်တာနဲ့တူတူပဲ"

"ဟင် အဲ့လိုမဖြစ်ရပါဘူး အနှစ် ငါ့ကိုကယ်ပေးပါနော် အစ်ကိုမျက်စိမြင်တဲ့အထိပဲသည်းခံပေးပါ...ပြီးရင် ငါအကြောင်းစုံပြောပြပြီး တောင်းပန်ပါမယ် အခုချိန်အစ်ကိုအမှန်တိုင်းသိသွားရင် ဘဝကိုလက်လျော့သွားလိမ့်မယ် အဲ့လိုအဖြစ်မခံနိုင်ဘူး နော်အနှစ်...ငါဒူးထောက်တောင်းပန်သင့်ရင်လည်းတောင်းပန်ပါမယ် အစ်ကို့ကိုကယ်ပေးပါ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now