Part(43)

1.5K 57 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(43)

ရက်အနည်းငယ်ကြာပြီးနောက်...

"ဘယ်လိုလဲမောင်ရင် ထောင်ထဲကထွက်ပြီး အခုလို ဇိမ်ကျကျနဲ့နေ‌လိုက်တော့ ခံစားရတာပျော်ရဲ့လား"

"ပျော်ပေမဲ့ ထောင်ထဲကနေ့ရက်တွေကိုတော့ မမေ့ခဲ့ဘူးဆိုပါတော့ "

"ဆိုပါဦး ဘာတွေဖြစ်ခဲ့တာလဲ"

"ဦးမိုက်ဆန်‌ဂျေ ခင်ဗျားက နယ်စပ်ဘက်ကို အပိုင်စီးချင်တယ်မလား ဒါဆို ကျုပ်ကို တစ်ခုလိုက်လျောပေးရလိမ့်မယ်"

"ဘာကိုလဲ သခင်‌..."

"ဒီဓာတ်ပုံထဲက မိန်းကလေးကို ကျုပ်ရှေ့ခေါ်လာခဲ့..."

ဓာတ်ပုံတစ်ပုံသည် ဦးမိုက်ဆန်ဂျေရဲ့ရှေ့သို့ရောက်လာသည့်အခါ ပုံကိုကြည့်ရင်း သိသလိုလိုခံစားလိုက်ရသည်။ သိနေသူဆိုတာ ပိုပြီးသေချာစေတာက သခင်ကျော်ဇော ပြောလိုက်သည့်နာမည်ကြောင့်ဖြစ်မည်။

အနှစ်သာရ။ ထူးခြားတဲ့နာမည်မို့ မှတ်မိနေသည့်နာမည်။ စက်ဝန်းရဲ့အချစ်တော်မိန်းမ။

"အနှစ်သာရ...အနှစ်သာရကြောင့် မင်းအဖေဆုံးပြီး မင်းထောင်ကျခဲ့ရတာလား"

"သိပ်သေချာတာပေါ့ ဒီမိန်းမကြောင့် အဖေအနှစ်နှစ်အလလတည်ဆောက်ခဲ့တဲ့ ဂိုဏ်းတစ်ခုပြိုပျက်ခဲ့ရသလို သေခဲ့ရတယ်..."

"နေပါဦး မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရဲတဲ့သတ္တိရှိမှာလဲ"

"သတ္တိရှိတာက အားပျော့လို့၊မိန်းမကလေးမို့လို့နဲ့မဆိုင်ဘူး လုပ်ရဲလို့ဖြစ်လာတာ...ဒီမိန်းမက ဂိုဏ်းရဲ့အဓိကလူကို ချုပ်ကိုင်နိုင်ခဲ့တာ"

"သူကလား"

"ဟုတ်တယ် အဖေထောင်ထဲရောက်နေတုန်း အရာအားလုံး ပျက်စီးသွားခဲ့တာ အဖေသတ်သေသွားတာလည်းသူ့ကြောင့်ပဲ အဲ့တုန်းက ကျုပ်သတ်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ဘူး"

သခင်ကျော်ဇောက အခုမှအသက်(၂၀)ထဲကိုရောက်လာတာဖြစ်သည်။ အဖေရှိစဉ်အခါက သူသည် ပုံမှန်ကောင်လေးတစ်ယောက်လို ပေါ့ပါးစွာနေထိုင်ခဲ့ရသည်။ ဆေးသုံးခွင့်၊ တက်တူးထိုးခွင့် ခွင့်ပြုချက်အပြည့်ရထားသည့်ကောင်လေးဖြစ်သည်။ အဖေဖြစ်သူရဲ့လုပ်ငန်းဆောင်တာတွေကို စိတ်မဝင်စားဘဲ ဘဝကိုပျော်ပျော်နေထိုင်လာရာမှ ဘာမဟုတ်တဲ့မိန်းမကြောင့် အရာအားလုံးပျောက်ဆုံးသွားသည်။ အဲ့တုန်းက သူ့မှာ ဘာအာဏာမှမရှိသလို အဖေ့လူယုံတွေကလည်း ရှောင်ပြေးနေရလို့လာမကူနိုင်။ ထို့ကြောင့် သူထောင်ကျခဲ့သည်။ ထောင်ကျပြီးမှ တဖြည်းဖြည်းနဲ့အဖေ့တပည့်လူယုံတွေနဲ့အဆက်အသွယ်ပြန်ရကာ ပြန်လွှတ်ဖို့လုပ်ရသည်။ ဒီထဲမှာ ဦးမိုက်ဆန်ဂျေကတော့ စီးပွါးရေးအရပတ်သတ်မှုပဲဖြစ်လိမ့်မည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now