Part(36)

1.6K 51 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(36)

လူတွေက မူးရင်သာ ခံစားရသမျှအကုန်ကန်ထွက်လာတာ။ မနက်ရောက်လို့ အမူးပြေသွားရင် ဘာမှမဖြစ်တဲ့အတိုင်းနေနေတာ။ ယခုလည်းကြည့်လေ။ မနေ့ညက လူကောင်းဖြစ်တဲ့အနှစ်က သူ့အတွက်တွေးပေးပြီး ဘာမှပြန်မပြောခဲ့တာ။ အခုတော့ သူကမသိချင်တောင်ယောင်ဆောင်နေသည်။ မမှတ်မိတာများလား။ စက်ဝန်းအလွန်က အရက်မူးရင်တောင် အသိစိတ်ကပ်တတ်တဲ့သူလေ။

"ရှင်မနေ့က အကြောင်း ဘာမှမသိတော့တာလား"

ထမင်းစားခန်းထဲ ခပ်တည်တည်ဝင်သွားကာ ပြောလိုက်၏။ စိတ်ထဲမှာ သူ့ကိုအနိုင်ယူချင်တာဖြစ်၍ အရင်ဆုံးစကားစမိလိုက်သည်။

"ဘာကိုလဲ"

"မနေ့ညက ရှင်ငိုနေတာလေ မျက်ရည်တွေဆို ကျွန်မအင်္ကျီပေါ်မှာ အကွက်လိုက်"

"အဟွတ်!.."

ကော်ဖီသောက်နေရင်းမှ အနှစ်စကားကြောင့် သီးသွားသည့်သူက မျက်နှာတွေနီရဲလာသည်။ ထင်သားပဲ။ တမင်မသိချင်ယောင်ဆောင်တာ။

"ဒီမှာ ရှင်အဲ့လိုလုပ်ပြယုံနဲ့ကျွန်မက မပျော့ညံ့သွားဘူးနော်သဘောပေါက်!...မနေ့ညက ငြိမ်နေပေးတယ်ဆိုတာက လူကြီးနိုးသွားမှာဆိုးလို့"

သူ့ရဲ့နှုတ်ခမ်းတစ်ချက်မဲ့သွားကာ ဘေးနားကတစ်သျှူးယူပြီး ပေနေတာကိုသုတ်သည်။ ပြီးနောက် ထရပ်ကာ အနှစ်နားတိုးကပ်လာသည်။

"ဒါဆို အခုက ငြိမ်မနေဘူးလို့ပြောတာပေါ့"

"အင်း သေချာတာပေါ့"

သူက ရှေ့ကိုတစ်လှမ်းချင်းတိုးလာတော့ အနှစ်နောက်ကိုဆုတ်သည်။ ရုပ်က မဲ့တဲ့တဲ့နဲ့မို့ ဘာတွေပြန်ပြောလာမလဲဆိုတာသိချင်သည်။

"အကယ်၍ ကိုယ်တစ်ခုခုလုပ်ရင် ပြန်လုပ်မှာလား"

"အပြန်အလှန်ပေါ့ ရှင်ချိုးတာတော့မခံနိုင်ဘူး"

ဒေါ်ဒေါ်တို့ကဈေးသွားတာဖြစ်၍မရှိ။ မေမေကလည်းဘုရားရှိခိုးနေတာမို့ အပေါ်ထပ်မှာ။ သမီးလေးက အခန်းထဲမှာ မူကြိုအတွက်အိမ်စာရေးနေတာမို့မရှိပေ။ အစက ပြန်တိုက်ခိုက်မယ်ဆိုပေမဲ့ ယခုကတော့ အနီးနားထိတိုးကပ်လာသည်မို့ကြောက်တော့ကြောက်မိသည်။ အထိအတွေ့နဲ့ပြုစားရင်တော့ မလွန်ဆန်နိုင်။ အနှစ်ရဲ့မသိစိတ်က အခုထိ မလွန်ဆန်နိုင်သေး။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now