Part(30)

1.5K 47 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(30)

"စက်ဝန်း အနှစ်ပျောက်နေတယ်..."

တစ်ရက်မှ အနှစ်သည် ဘယ်သူမှမသိဘဲ ပျောက်ကွယ်သွားခဲ့ကြောင်း စက်ဝန်းနောက်မှသိခဲ့ရသည်။ အဝတ်တစ်ချို့နဲ့မှတ်ပုံတင်ကိုသာယူသွားပြီး ကျန်တဲ့ဘာပစ္စည်းတွေမှမယူသွားဘဲ ထွက်သွားခဲ့သည်။

သို့သော် စာတစ်စောင်တော့ ချန်ထားခဲ့သည်။

""မေမေ...အနှစ် ဘဝသစ်စချင်လို့ ထွက်သွားပါတယ်...သတ်သေတာလည်းမဟုတ်ဘူး ဘဝကိုအရှုံးပေးတာလည်းမဟုတ်တာမို့ စိတ်ချစွာနဲ့နေလို့ရပါတယ် အနှစ် အဆင်ပြေရင် ဖုန်းဆက်လိုက်ပါမယ်... ကိုကြီး မေ‌မေ့ကို ဂရုစိုက်ပေးပါ သူ့ကိုပေးသိလိုက်ပါ အနှစ်ထွက်သွားတာ သူမပါဘဲ ဘဝကိုဖြတ်သန်းချင်လို့လို့""တဲ့။

စာထဲမှာ အဲ့လိုပြောထားပေမဲ့ ကိုမင်းထက်က ဘယ်လိုမှအနှစ်ကိုဆက်သွယ်မရမှ သူ့ကိုလာရှာတယ်နဲ့တူပါသည်။

"အကြောင်းစုံကိုနောက်မှမေးမယ် အခုအနှစ်ဘယ်မှာရှိလောက်မလဲ"

"ကျွန်တော်က အနှစ်နဲ့မတွေ့ရတာ ကွာရှင်းပြီးကတည်းက ကိုမင်းထက်!"

"အနှစ်သွားတတ်တဲ့နေရာရောရှိလား"

"ကျွန်တော်ပါ ကူရှာပေးမယ်"

ကိုမင်းထက်ကလက်ခံ၍ သူအပြေးအလွှားအဝတ်လဲကာ အနှစ်သွားတတ်သည့်နေရာတွေမှာလိုက်ရှာဖြစ်သည်။ သို့သော် အစအနဖျောက်သွားသူကို ရှာ‌လို့မတွေ့ခဲ့။ ယံကိုပါဆက်သွယ်ပြီး မေးခဲ့ပေမဲ့ ယံလည်းမသိခဲ့ဘူးတဲ့။

"စက်ဝန်း!.."

"ထင်ရှား အနှစ်! အနှစ်ထွက်သွားတယ်တဲ့"

စက်ဝန်းသည် ထင်ရှားကို ဖက်ပြီးငိုသည်။ လမ်းဘေးမှာဆိုတာလည်းသတိမရတော့။ မြိုသိပ်လာရသမျှခံစားချက်က အခုတော့ ပေါက်ထွက်ကုန်သည်ဟုပြောရမည်။

"ငါက အနှစ်ကိုပျော်စေချင်လို့ နောက်ဆုတ်ပေးခဲ့တာ...ဒီလိုဖြစ်ဖို့မှမဟုတ်တာ"

"ငါ မင်းကိုသတိပေးခဲ့သားပဲ ဒါကိုဘာလို့လက်လွှတ်ပေးခဲ့လဲ စက်ဝန်း..."

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now