Part(34)

1.5K 48 2
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(34)

"ဟင်!.."

အနှစ် မနက်ဘယ်အချိန်ရှိလောက်ပြီလဲသိချင်၍ ဖုန်းကို မျက်လုံးမဖွင့်သေးဘဲ လက်နဲ့စမ်းရှာနေမိသည်။ အိပ်ယာက ပိုပြီးကျယ်နေသလိုပဲဟုစိတ်ထဲတွေးမိစဉ် မနေ့ညက အဖြစ်ကိုတွေးမိတော့ မေ့လဲသွားတာကိုသတိရလိုက်ရသည်။ ထို့အပြင် လက်ကလည်း တစ်ယောက်ရဲ့ရင်ဘတ်ကို သွားကိုင်မိသလိုခံစားလိုက်ရ၍ မျက်လုံးဖွင့်သည်နှင့် ဘယ်သူဘယ်ဝါဆိုတာမကြည့်တော့ဘဲ ခြေတောက်နဲ့ကန်ထည့်လိုက်သည်။

"ဒုန်း!.."

"ဒုန်း...အာ့"

အားဆိုတဲ့အသံနက်နက်နဲ့အတူ ထထိုင်သည့်အခါမှာတော့ မျက်နှာကိုတွေ့လိုက်ရသည်။

"စက်ဝန်းအလွန်!.."

နဖူးဘယ်ဘက်တောင့်မှာသွေးအနည်းငယ်ထွက်နေသည့်စက်ဝန်းအလွန်။ အနှစ်ကန်တာအားပြင်းသွား၍ ဘေးနားက စားပွဲနှင့် ဆောင့်မိသွားတာဖြစ်သည်။

"ကျွတ် မင်းဘယ်လိုမိန်းမလဲ အနှစ်သာရ"

အိပ်ယာက မနိုးသေး၊ အကန်ခံရသည်ဖြစ်၍ စက်ဝန်းမျက်နှာက ပုတ်သိုးနေ၏။ ဝေးနေသည့်နှစ်များလို့လားမသိ ဒီမိန်းမက လက်ရဲဇက်ရဲဖြစ်လာသည်။ မနေ့ကလည်း ထုရိုက်ထားတာ ရင်ဘတ်မှာ အနီကွက်တွေတောင်ဖြစ်နေတာ ပျောက်သေးတာမဟုတ်။ အခုတော့နဖူးမှာပါဒဏ်ရာထပ်ရနေပြီ။

"ရှင်ကဘာလို့ ဒီမှာလာအိပ်နေရတာလဲ"

"မင်းကိုယ်မင်းပြန်စဉ်းစားကြည့်ပါဦး မနေ့ညက မင်းပုံစံက အတူမအိပ်ပေးရင်ရလားလို့"

သူပြောသလို ဦးနှောက်ကို သေချာအလုပ်ပေးလိုက်လျှင် မမေ့လဲခင်က အကြောင်းကိုတွေးမိလိုက်၍ အနှစ်နှုတ်ခမ်းတင်းသွား၏။ ပုံမှန်ဆို ထိုအကြောင်းတွေးမိတာနဲ့ ညဘက်အိမ်မက်ဆိုးမက်ပြီးအိပ်မပျော်တော့။ အခုတော့ ဘေးနားကလူကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားတာ။ ဦးနှောက်ရဲ့အသိစိတ်က ဒီလူကိုမချစ်တော့ဘူးဆိုပေမဲ့ နှလုံးသားရဲ့မသိစိတ်နဲ့ခန္ဓာကိုယ်က သူ့ပိုင်ရှင်ကိုမှတ်မိနေပြီး ဖမ်းဆုပ်ထားသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now