Part(37)

1.6K 62 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(37)

"အာ့!.."

အလုပ်ကိစ္စပြီးလို့ အိမ်မြန်မြန်ပြန်ခဲ့ရာမှ လမ်းဘေးနားကကားတစ်စီးရဲ့တံခါးက ဖြတ်ခနဲပွင့်လာပြီး ရဝေသော်ရဲ့ကိုယ်လုံးလေးကလည်း ထိုကားထဲဆီ မညာမတာအဆွဲခံလိုက်ရသည်။

"နင်!.."

နေ့လည်က ကိစ္စက ထင်ရှားဘက်က အခဲမကြေဘူးဆိုတာသိပေမဲ့ ဒီလို အိမ်ရှေ့မှာစောင့်နေမယ်လို့တော့ မထင်ထားမိပါ။ အရင်ကဆို မထင်မှတ်ဘဲတွေ့တာကလွဲရင် အိမ်ထိစောင့်ပြီး ပြဿနာရှာတာမျိုးတော့မလုပ်ပါ။ ထင်ရှားသူရက တစ်ပါးသူကို ဒုက္ခပေးဖို့ဆို အရမ်းဇွဲရှိတာပဲ။

ရဝေသော် အတိတ်က မှားခဲ့တယ်ဆိုပေမဲ့ အဖြစ်မှန်သိသွားတဲ့နောက်မှာနောင်တရပါသည်။ ဟိုမိန်းမ ရည်ရွယ်မွန်ကြောင့်ဆိုပေမဲ့ တစ်ကယ်ခွဲခဲ့တဲ့သူက သူမကိုယ်တိုင်ဖြစ်နေခဲ့တာလေ။

ဒီလိုပါပဲ။ လူတိုင်းကအချစ်နဲ့ပတ်သတ်ရင် တစ်နည်းမဟုတ်၊တစ်နည်းနဲ့ ရူးနေကြတာပဲ။

"နင်ဘာလုပ်တာလဲ"

"စကားမများနဲ့ ငါမေးတာဖြေ နေ့လည်ကဘယ်သူလဲ"

အဟက်။ ထင်ရှားသူရက လူကို အရုပ်များထင်နေသလား။ သူမေးတိုင်းဖြေရ‌အောင် ရဝေသော်ဆိုတာက သူ့အရုပ်လည်းမဟုတ်။

"နင်နဲ့ဘာဆိုင်လဲ"

"ချစ်သူလား"

"ထင်ရှားသူရ နင်ရူးနေတာလား ညဘက်ငါ့အိမ့်ရှေ့ထိလာပြီးတော့ ဘာလို့နင်နဲ့မဆိုင်တာတွေမေးနေတာလဲ"

"မေးတာဖြေလို့...မေးချင်လို့မေးနေတာမဟုတ်ဘူး"

"ဒါဆို မမေးနဲ့ ဖြေစရာအကြောင်းလည်းမရှိဘူး"

ရဝေသော် ကားတံခါးကို ဆွဲဖွင့်ကာ ထွက်သွား‌ဖို့လုပ်တော့ သူက ညာဘက်လက်ကို လှမ်းဆွဲသည်။

"လက်လွှတ်"

"မေးတာဖြေ!.."

"လက်လွှတ်လို့"

လက်လွှတ်လို့ပြောလေ ပိုတင်းကြပ်လာသည့်ခံစားမှုကြောင့် ရဝေသော်ရဲ့‌လက်ကောက်ဝတ်က နီရဲနေပြီထင်ပါ့။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now