Part(10)

1.7K 44 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(10)

"ဒီရက်ပိုင်းကန်တင်းမှာ စက်ဝန်းနဲ့သိပ်မတွေ့ဖြစ်ဘူးနော် "

ထင်ရှား၊မွန်လေးနဲ့အနှစ်တို့သုံးယောက်ကန်တင်းမှာ ဆုံကြပြီး မွန်လေးဆီမှအသံထွက်လာ၏။

ထင်ရှားချောင်းတစ်ချက်ရှင်းလိုက်ပြီး...

"သူ ဒီရက်ပိုင်း တော်တော်အလုပ်များနေတာ...အခုလည်း E Majorကတံတိုင်းတည်တံ့နဲ့အပြင်ထွက်သွားတယ် "

"ဟင်! ဟိုနေ့ကမှ ချေနေခဲ့တာကို "

"ဟုတ်တယ် ကြည့်ရတာ စက်ဝန်းသိချင်တာကိုရလိုက်လို့နေမှာ "

"ရှင်! စက်ဝန်းကဘာကိုသိချင်တာလဲ "

"အာ ဟုတ်သားပဲ မွန်လေးတို့မသိသေးဘူးပဲ...စက်ဝန်းဒီမှာကျောင်းတက်ရတဲ့အကြောင်းအရင်းက ကောင်မလေးတစ်ယောက်ကိုရှာချင်လို့တဲ့ ရယ်တာလှတဲ့မိန်းကလေးနဲ့တွေ့ရင် သူလိုချင်တာရှာတာပဲ...အခုလည်းတည်တံ့က သူလိုချင်တဲ့စကားကိုပြောလို့နေမှာ အခုရက်ပိုင်းတွဲသွားတွဲလာလုပ်နေတယ် ဘာလို့ရှာတာလဲတော့မသိဘူး"

"ရယ်တာလှတဲ့မိန်းကလေးက ဒီနိုင်ငံမှာအများကြီးပဲ သူကဘယ်လိုရှာမှာလဲ"

"တခြားတော့သေချာမသိပေမဲ့ သူက ဒီကျောင်းကပဲ စက်ဝန်းတွဲတဲ့သူတိုင်းက ဒီကျောင်းနဲ့ပတ်သတ်တယ်"

"ဒါဆို ဘေဘီရတီကျတော့ရော!.."

"သူ့ရဲ့အစ်မက Lawကျောင်းဆင်း‌ပဲလေ...အဲ့တာကြောင့်နေမှာ"

"ဒါဆို အနှစ်ကိုရော အဲ့ဒါကြောင့် ဖွင့်ပြောတာဖြစ်နိုင်မလား "

မွန်လေးက အနှစ်သိချင်သည့်မေးခွန်းကို မေး၏။ ဒါကိုသူမလည်း တစ်ကယ်သိချင်သည်။

"ဗျ!..ဗျာ! ဖွင့်ပြောတယ် ဘယ်တုန်းကလဲ"

"အာ! ထင်ရှားမသိဘူးပဲ"

မွန်လေးက အားနာစွာတောင်းပန်၏။

ထင်ရှားအခုမှ နားလည်တော့သည်။ စက်ဝန်း...ဒီကောင်အငြင်းခံရလို့ အရင်လိုပြန်ဖြစ်သွားတာပဲ။

"မဖြစ်နိုင်ဘူးထင်တယ် စက်ဝန်းက အနှစ်ကိုတော့ တစ်ကယ်သဘောကျတာနေမှာပါ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now