Part(15)

1.5K 53 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(15)

"အနှစ်!..."

"ဟင်! ကိုသူရိယ ကျောင်းကို ဘာကိစ္စနဲ့လဲ"

ဘွဲ့ရပြီးသားလူကို ကျောင်းမှာတွေ့ရတာသည် ထူးဆန်း၏။ အနှစ်ရဲ့အကြည့်က အံ့ဩသလိုဆိုပေမဲ့ စက်ဝန်းရဲ့အကြည့်ကတော့ မနှစ်မြိုသည့်အကြည့်။

ယောကျာ်းချင်းကို မသိဘဲနေမလား။ ဒီလူကြီး အနှစ်ကိုကြိတ်ကြိုက်နေတာ။

"ညီမလေးကို ကျောင်းလာကြိုတာ...နေသိပ်မကောင်းလို့လေ"

"ဪ...အဲ့လိုလား "

"အင်း အနှစ်တို့ရော ဘယ်သွားမလို့လဲ"

"ကန်တင်းကို! ကိုသူရိယရော ဘာစားပြီးပြီလဲ မဟုတ်ရင် တစ်ခါတည်းလိုက်ခဲ့ပါလား"

"ဟာ ကိုယ်က တော်ပါပြီ...အလုပ်မှာပဲစားတော့မယ်...ညီမလေးကလည်း အမြန်လာကြိုခိုင်းနေတာ"

"ကိုကြီး!..."

ထိုစဉ် အသံဖျော့ဖျော့လေးနဲ့အနားရောက်လာသူက ရွှေရည်သွန်း။

"ညီမလေး...အဆင်ပြေရဲ့လား အရမ်းနေမကောင်းဖြစ်နေလား"

ကိုသူရိယရဲ့ပြာယာခတ်သွားပုံကြောင့် စက်ဝန်းနဲ့အနှစ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားကြသည်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ။ ကိုသူရိယရဲ့ညီမက ရွှေရည်သွန်းတဲ့လား။

ရွှေရည်သွန်းကလည်း အခုမှသူမတို့ကိုမြင်သည်ထင်သည်။ မျက်နှာက တည်သွားသည်။ သူမတို့ရှေ့မှာ ငိုမိတာကို ရှက်သွားပုံရသည်။

"ကိုသူရိယမလိုက်တော့ဘူးဆို အနှစ်တို့သွားတော့မယ်နော် ကန်တင်းက ဒီအချိန်ဆို ခုံဦးထားမှရတာ မွန်လေးတို့စောင့်နေမှာ"

"ကိုကြီး အသွန်းဗိုက်ဆာတယ် ကိုကြီးစက်ဝန်းတို့နဲ့အတူတူလိုက်သွားရအောင်လေ"

‌"ဟင်!..."

ရွှေရည်သွန်းစကားကြောင့် သူရိယကြောင်သွား၏။ ဗိုက်နာလို့ အမြန်လာကြိုပါလို့ပြောတဲ့ကလေးက အခုတော့ အကောင်းတိုင်းပါလား။ ပြီးတော့ အနှစ်အမျိုးသားကို ကိုကြီးစက်ဝန်းတဲ့။ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာပဲ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now