Part(14)

1.5K 44 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(14)

အနှစ်အထဲဝင်လာ‌တော့ လှေကားဘောင် လက်ရန်းကိုမှီကာ စူးစူးစိုက်စိုက်ကြည့်နေသည့် ကင်းကိုတွေ့လိုက်ရသည်။

"ဘယ်သူပြန်ပို့တာလဲ"

"ကိုသူရိယ"

"ဘာလို့လဲ "

"အတူတူသွားတဲ့သူက အရင်ပြန်သွားတာကို မသိဘူးလား"

"အဲ့တော့ မင်းမှားတာမရှိဘူး ငါပဲမှားတယ်ပေါ့"

"ဟုတ်တယ် "

ကင်းက ဟွန်းခနဲရယ်ကာ သူမအနားကို ဖြည်းဖြည်းချင်းလျှောက်လာသည်။

"ငါကမှားတယ် အဟက်! ယောက်ျားတစ်ယောက်လုံးရှိလျက်နဲ့ ငါ့ကိုမခေါ်ဘဲ တခြားယောက်ျားကိုခေါ်တဲ့မင်းက မမှားဘူးပေါ့"

"ကျွန်မက တခြားယောက်ျားကိုခေါ်တာမဟုတ်ဘူး ရင်းနှီးတဲ့အစ်ကိုခေါ်တာ ပြီးတော့ ရှင်သာကျွန်မကိုစောင့်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"

သူမက ကိုသူရိယကိုခေါ်တာမဟုတ်။ အကြောင်းတိုက်ဆိုင်လို့ဖြစ်သွားတာ။ ဒါကိုသူ့ကိုရှင်းပြနေမှာမဟုတ်။ ဘာလို့ရှင်းပြရမှာလဲ သိက္ခာကျအောင်။

"အဲ့ဒီတော့ ငါ့ကိုခေါ်ရင် မင်းမာနထိမှာဆိုးလို့ ဘယ်အချိန်ခေါ်ခေါ်အပြေးရောက်လာမဲ့သူကိုခေါ်တယ်ပေါ့"

"ရှင် ထင်ချင်သလိုထင်နိုင်တယ် ဒါပေမဲ့ ကျွန်မက ကျွန်မလိပ်ပြာကျွန်မလုံတယ် ပြီးတော့ ကိုသူရိယကလည်း သူ့နေရာသူနေတတ်တဲ့သူ ကျွန်မတို့ကြားထဲမှာ အစ်ကိုနဲ့ညီမလေးဆက်ဆံရေးမျိုးပဲရှိတာ သူ့အိန္ဒြေ၊သူ့သိက္ခာနဲ့သူ ရှိပြီးသား တစ်ချို့တွေလို လိုက်ပြီးတွယ်ကပ်တတ်တဲ့သူမဟုတ်ဘူး ဒါကိုမှ ရှင်တခြားတွေးနေရင် မသိဘူး ရှင်ထင်ချင်သလိုထင် ကျွန်မက အချိန်ကုန်ခံပြီးလိုက်ရှင်းပြမနေဘူး"

"အဲ့လိုလား ဒါဆိုငါက မဟုတ်တာတွေးနေတာပေါ့"

ဟုတ်တယ်ဆိုသည့်မျက်နှာပေးနှင့် ကြည့်ပေးတော့ သူအံကိုတင်းတင်းကြိတ်သည်။ ပြီးနောက်ဘာမှမပြောဘဲ အပေါ်ပြန်တက်သွားသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now