Part(27)

1.2K 39 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(27)

နောက်တစ်ရက်မနက်!

"နိုးလာတော့ခေါင်းကိုက်ပြီမလား မနေ့က ဘယ်လောက်တောင်သောက်ထားလဲမှမသိတာ"

မနက်(၆)နာရီအချိန် အလုပ်သွားဖို့ သူ့ကိုနိုးရင်းမှအနှစ် မကျေနပ်စွာဆိုမိသည်။ ဒီနေ့ကပထမဆုံးအလုပ်တက်ရမှာ။ ဒါကိုမနေ့ကမူးနေသည်။

"ကိုယ်ပျော်လို့ပါကွာ"

စက်ဝန်းက အိပ်ယာထက်မှာ ခဏထိုင်ပြီး အနှစ်ကို လာဖက်သည်။

"ဖယ်စမ်း နံစော်နေတာပဲ လာမဖက်နဲ့"

"မွှေးတယ်မဟုတ်ဘူးလား"

"လွှတ်နော် မနေ့က ကျေနပ်သေးတာမဟုတ်ဘူး"

သို့သော် သူသည်မလွှတ်ဘဲ အနှစ်ကို နောက်ကနေအတင်းဖက်ထားသည်။

"တစ်ကယ် ကိုယ်ပျော်လို့သောက်လာတာ ထင်ရှားလည်းပါတာပဲ"

"ဒါဆိုလည်း ဖုန်းဆက်သင့်တယ်မလား ညမိုးချူပ်ရင် အိမ်မှာ မိန်းမစိတ်ပူမယ်ဆိုတာ မသိဘူးလား ကိုကြီးဖုန်းဆက်မှ သိရတာ"

"အင်းပါ နောက်ဆို ပြောပြီးမှသွားမယ်"

"ထပ်သွားဦးမယ်လို့ပြောတာလား"

"အခြေအနေအရ!..ရွတ်"

အနှစ်ဘက်က ဖက်ထားတာငြိမ်နေတော့ သူက ပါးကို နမ်းကာ ချော့သည်။ ဟိုဘက်နမ်းလိုက်၊ဒီဘက်နမ်းလိုက်ဆိုတော့ သူ့ရဲ့‌ပေါက်ခါစ နှုတ်ခမ်းမွှေးတွေက စူးခနဲ။

"ယားတယ် ရှင့် ပါးကအမွှေးတွေရှည်နေပြီ"

"အင်း ဟုတ်တယ် မရိတ်ပေးချင်ဘူးလား"

"ရှင့်မှာလက်ပါတာပဲ ရှင့်ဘာသာရိတ်"

"ကိုယ်ကမင်းရိတ်ပေးတာလိုချင်တာ"

"သေလိုက်‌!"

"သဲလေး ရေချိူပြီးပြီလား "

"ဟင့်အင်း အလုပ်လက်မဲ့က အခန်းထဲသန့်ရှင်းရေးလုပ်မလို့ ပြီးရင် မေမေ့ဆီသွားလည်မယ်"

"ဒါဆို အခု ရေအတူတူချိုးရအောင်"

"ကလေးလား..."

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now