Part(19)

1.5K 59 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(19)

သူတို့နှစ်ယောက် တစ်ယောက်စိတ်ကို တစ်ယောက်ဖွင့်ပြောပြီးသွားသည့်အခါ အရာအားလုံးက အသစ်လိုဖြစ်နေမယ်လို့ထင်ထားတာ။ ဒါပေမဲ့ နာမည်အခေါ်အဝေါ်တွေမှလွဲရင် ကျန်တာက ပုံမှန်လိုပင်။ အစပိုင်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်တာကလွဲရင် နောက်ကျပုံမှန်လိုပါပဲ။ ရန်ဖြစ်လိုက်။ ပြန်ချစ်လိုက်နဲ့။

ထိုထဲမှာမှ နူးညံ့သောအသုံးအနှုန်းတစ်ချို့နဲ့အပြုအမူတစ်ချို့ကတော့ ရင်ခုန်ဖွယ်အတိ။ ဒါက‌တော့ အစကတည်းက စက်ဝန်းဘက်က တစ်ချက်တစ်ချက်နူးညံ့တတ်တာမို့ သိပ်တော့အထူးအဆန်းမဖြစ်ကြ။

"သဲလေး မနက်ဖြန်ကျောင်းဖွင့်တော့မှာဆိုတော့ ဒီနေ့ကိုကိုတို့ဒိတ်လုပ်ကြမလား"

စက်ဝန်းဘက်က တက်ကြွစွာပြော‌လာပေမဲ့ အနှစ်သည် စာအုပ်စင်က စာအုပ်တွေကို နေရာတကျပြန်စီနေရင်းမှ...

"အင်!..ဘာမှလည်းမဆိုင်ဘဲနဲ့ မသွားဘူး"

"ဆိုင်လိုက်ပါ...မနက်ဖြန်အတွက်လိုအပ်တာသွားဝယ်တယ်လို့သဘောထားပေါ့"

"မနက်ဖြန်အတွက် အားလုံးဝယ်ပြီးသွားပြီ"

"မင်းနော် ဘယ်လိုဖြစ်နေတာလဲ...ငါနဲ့ဒိတ်မလုပ်ချင်ဘူးလား"

စက်ဝန်းအလွန်တို့ကတော့ အပြောင်းအလဲမြန်ချက်ပဲ။ သူ့အကြိုက်လိုက်ပေးတုန်းကတော့ ကိုကို ကိုကို၊ သဲလေးနဲ့ နားညီးနေတာ။ သူ့အလိုမလိုက်ပေးရင် ငါတွေမင်းတွေဖြစ်ကုန်ရော။

"အနှစ်သာရ..."

အနှစ် စာအုပ်တွေဆက်ပြီးစီလို့မရအောင် သူက သူမလက်တွေကိုဖမ်းချုပ်လာသည်။

"လွှတ်နော်!..ဘယ်လိုဖြစ်နေတာလဲ ကျွန်မစာအုပ်စီနေတာ"

"အော...စိတ်ဆိုးရမှာက ငါလေ ဘာလို့ ကျွန်မ.ကျွန်မနဲ့ဖြစ်သွားရတာလဲ"

သူမ စိတ်ဆိုးခြင်းကင်းမဲ့စွာ မျက်စောင်းထိုးလိုက်ရင်း...

"အဟင်း ကိုကိုက ကလေးလား...ဒါတွေထိလိုက်ပြီးအထာကောက်နေတာ အနှစ်က ခါတိုင်း ကျွန်မ.ကျွန်မလို့ပြောတာက အကျင့်တစ်ခုလိုဖြစ်နေတာ ချက်ချင်းပြင်ဖို့လွယ်မလား...ကိုကိုတောင် အနှစ်ကိုချစ်တယ်ဆိုပြီး အမြဲအနိုင်ယူနေတာမဟုတ်လား"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now