အပိုင်း (2)

7.3K 803 70
                                    

(2) ကြီးမြတ်တဲ့ စီးခုန်ချီယာ့ က အမှားလုပ်မိသွားပြီ ! (၂ )

ကျိုးချီ ဟာ မျက်ဝန်းလှလှလေး နဲ့ လှပတဲ့ ကော ကောင်လေးကို မြင်လိုက်ရတဲ့ တစ်ခဏမှာပဲ သူ့တစ်ကိုယ်လုံးက လုံးဝကို ရူးသွပ် သွားလေတယ်။ ဒါကြောင့်ပဲ အမြန် ထိုကောင်လေးကို ကောက်ပွေ့ လိုက်ပြီးတော့ အိပ်ခန်း ထဲကို ခေါ်လာပြီး အိပ်ယာပေါ်ကို ပစ်ချ လိုက်လေတယ်။

စွင်း မူလန်း ဟာ စွင်းအိမ်တော်ရဲ့ အငယ်ဆုံး ကလေး ဖြစ်သလို သူက ကော အမျိုးသား တစ်ယောက်လဲ ဖြစ်လေတယ်။ သူ့ရဲ့ အမေဟာ ကချေသည် တစ်ယောက် ဖြစ်ပြီး အလွန်လှပလေတယ်။ ဒါပေမယ့် သူ့ကို မွေးပြီး မကြာခင်ပဲ ဆုံးပါးသွားခဲ့တယ်။ ဒါကြောင့် သူ့အဖေ စွင်းသခင်ကြီးရဲ့ ကိုယ်လုပ်တော်ထဲက ကလေးမရ နိုင်တဲ့ တစ်ယောက်က မွေးစားပေးခဲ့တယ်။

ကျွေးမွေးတယ် ဆိုတာ မသေရုံလေးတင် ကျွေးမွေး ခဲ့တာပါ။ သူမဟာ သခင်ကြီးရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့ ကလေးလေး ကို အသုံးချခဲ့တာ ပဲ  ဖြစ်လေတယ်။ ကိုယ်လုပ်တော်တွေ အများကြီး ရှိတဲ့ သခင်ကြီး စွင်းက သမီး ၃ ယောက်နဲ့ ကော သားလေး တစ်ယောက်ပဲ ရရှိခဲ့တာပါ။

စွင်း မူလန်း က ကောတစ်ယောက် ဖြစ်တာကြောင့် တစ်ခြားလူတွေက အနိုင်ကျင့်ပြီး အထင်သေးခဲ့ကြတယ် ။ မူလန်းဟာ ငယ်ငယ်လေး ကတည်းက အပြုံးအရယ်မဲ့ နေတာကြောင့် လူတိုင်း က သူ့ကို စက်ဆုပ် ကြလေတယ်။

သူဟာ အရာရာ တိုင်းကို သည်းခံ ပြီးရင်း သည်းခံ လာခဲ့တယ်။ သူ့ကို လက်ထပ်မယ့် သူရောက်လာပြီး ဒီအိမ်ရဲ့ အဝေးကို ခေါ်သွားစေချင်မိတယ်။ ဒီလိုနဲ့ သူ့ရဲ့ အရွယ်ရောက်ဖူးပွင့် ကာလ ရောက်လာပြီး သူလည်း အသက် ၁၀ နှစ်ပြည့်ခဲ့တယ်။ ထိုအချိန်မှာ သူ့အဖေနဲ့ တရားဝင် ဇနီးတို့က သူ့ကို လက်ထပ်ပေးဖို့ ဆွေးနွေးနေတာ  ကို သိခဲ့ရတယ်လေ။

အစက မြို့ထဲက လောင်းကစားရုံ ပိုင်ရှင် လူအိုကြီး ကျိုး ဆီကို ပို့ဖို့ လုပ်ထားပေမယ့် ကျန်းနန်ရဲ့ ဝမ်ရယ်က သူတို့ မြို့ကို လာပြီးတော့ စစ်ဆေးရေး လုပ်မှာ ဖြစ်တဲ့ အတွက်ကြောင့် သာ သူ့ကို လက်မထပ်ပေး သေးတာ ပဲ ဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now