အပိုင်း (13)

4K 501 9
                                    

(13) ဇာတ်ကြောင်းရဲ့ တွန်းအား

ချီယာ့ ခမျာ သဘောတူ ပြီးသားဖြစ်တဲ့ အတွက်ကြောင့် သူတို့ တောင်းဆိုသမျှ လိုက်လျော ပေးရတော့မှာပဲ ဖြစ်လေတယ်။

အရင်ဆုံး အနေနဲ့ကတော့ ထိုညနေခင်းမှာ ကြင်ယာတော် ခန့်အပ်တာတွေ လုပ်ရလေတယ်။ ပြီးတော့ ကျင်းရှင်း အတွက် အကောင်းဆုံး ဆရာကို တိတ်တိတ်လေး ရှာပေးရမှာပဲ ဖြစ်လေတယ်။ ပြီးတော့ ဖျားနာမှု အတု လုပ်ပြီးတော့ သေဆုံးပြီ ဆိုပြီး သတင်းလွင့်ရမယ်။ သူ့ရဲ့ စစ်တပ်ထဲကိုလည်း ထည့်ပေးရမယ်။

ဒါက အမိန့်ကို ဖီဆန်ရာရောက်တယ်!

နောက်တစ်ယောက် ဖြစ်တဲ့ လီချိန်ဟွာကျတော့လည်း သူ့ရဲ့ အကိုတော် စီးခုန်ချီလန် ကို အကျဥ်းထောင်ထဲက နေ ထုတ်ပေးရမှာ ဖြစ်တယ်။

ဒါကလည်း နိုင်ငံတော်ရဲ့ ဧကရာဇ်ကို သစ္စာဖောက်တာပဲ!!

သူ့ရဲ့ တစ်ဝမ်းကွဲ ညီကျပြန်တော့လည်း ယောကျာ်း ၃ ယောက် လိုချင်တယ်တဲ့။ ပြီးတော့ အဲ့ သုံးယောက် က ဘယ်သူတွေလဲ ဆိုတာ သူပြောမယ်တဲ့။

သေချာတာ တစ်ခုကတော့ စီးခုန်မျိုးနွယ်က ဟာတွေ ကအရမ်းကို အကောင်းကြိုက်တယ် လွန်းတယ်။ ဒါ​ကြောင့် စီးခုန်မေ့ဟွား ယူမယ့် ယောကျာ်း သုံးယောက်က တော်ရုံ သာမန်တော့ မဟုတ်လောက်ဘူး။

ရာထူးကြီးထဲက သူတွေကို လိုချင်ပါတယ်လို့ ပြောချ လာရင် ချီယာ့ အတွက် အခက်တွေ့သွားနိုင်တယ်။

ဟုတ်တာပေါ့ ချီယာ့သာ ဧကရာဇ် မင်းမြတ် ဆိုလို့ကတော့ စိတ်ပူနေစရာ မလိုတော့ဘူးလေ။

သူက ဒီဘက်ကို ဝိဉာဥ် ကူးပြောင်း လာခဲ့တဲ့ သူဖြစ်တဲ့ အတွက်ကြောင့် သူအေးအေးဆေးဆေး ပဲ နေချင်မိတာလေ။ ဒါပေမယ့် ကူးပြောင်းလာမိတာ ဇာတ်လိုက် ဆိုတော့လည်း ဇာတ်ကြောင်း ကနေ သွေဖီတာမျိုး ကို ဖန်တီးတဲ့ သူတွေက အဖြစ်ခံမှာ မဟုတ်လေဘူး။

သူက ပုန်ကန်ရမယ့် ဇာတ်ကြောင်းတိုင်း မလိုက်ခဲ့တဲ့ အပြင် အနောက်ဆောင် ထဲမှာ မောင်းမတွေ အများကြီး မထားခဲ့လေဘူး။ ဒါပေမယ့် အခုကျတော့ ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ ကြင်ယာတော် သုံးယောက် ရောက်လာခဲ့တယ်။ သူတို့ နဲ့ အတူတူ မရှိချင်လို့ ညှိနှိုင်းတဲ့ အချိန်ကျပြန်တော့လည်း ဧကရာဇ် နေရာ ဖြစ်မှသာ တရားဝင် ဖြည့်စည်း ပေးနိုင်မယ့် ကိစ္စတွေ ဖြစ်နေပြန်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now