အပိုင်း (14)

3.9K 490 19
                                    

(14) စီးခုန်မေ့ဟွားရဲ့ ချစ်သူများ

​ နောက်နေ့ မနက်ကျတော့  စီးခုန် မေ့ဟွားဟာ သူလိုချင်တဲ့ လူ ၃ ယောက် ကို ပြောချလာလေတယ်။ တစ်ယောက်က သူ့ရဲ့ ငယ်အစေခံ ဖြစ်ပြီး၊ နောက်တစ်ယောက် ကတော့ သူ့ရဲ့ သက်တော်စောင့် ဖြစ်ပြီးတော့ နောက်ဆုံး တစ်ယောက်ကတော့ ချင်းဟွာ ဂေဟာက စီးခုန်မေ့ဟွားရဲ့ ချစ်သူပဲ ဖြစ်လေတယ်။

ချီယာ့ခမျာ ကြီးကြီးမားမား တွေ တောင်းတော့ မလားလို့ ထင်နေပေမယ့် မေ့ဟွားက ထိုသူတွေကို လိုချင်ပါတယ်လို့ ပြောလာတော့ သက်ပြင်းကြီး ချလိုက်မိပေမယ့် ထိုသူတွေရဲ့ နောက်ခံ အကြောင်း ကို သိသွားတဲ့နောက် သွေးတွေပါ အန်ချင်သွားလေတယ်။

စီးခုန်မျိုးနွယ်တွေက တကယ့်ကိုပဲ ထူးဆန်းတာကိုမှ မလုပ်ရင် လူမလုပ် ကြတော့ ဘူး!

စီးခုန်မေ့ဟွားရဲ့ ငယ်အစေခံလေး အကြောင်းကို အရင်ပြောကြ အုံးစို့။

လက်ရှိ ဧကရာဇ် စီးခုန် ချီမြန် က နန်းတက်ပြီး သိပ်မကြာခင် မှာပဲ  နယ်မြေချဲ့ထွင် ခဲ့တာကြောင့် အိမ်နီးချင်း တိုင်းပြည်ငယ် တစ်ချို့ က သူမရဲ့ လက်အောက်ကို ကျရောက် ခဲ့ရလေတယ်။ ထိုစဥ် အိမ်နီးချင်း နိုင်ငံရဲ့ ဧကရီကြီးမှာ ကိုယ်လေးလက်ဝန် ရှိနေပြီ ပဲ ဖြစ်လေတယ်။ သူတို့ နိုင်ငံ က စစ်ရှူံး ပြီးတဲ့နောက် ဧကရီ ရဲ့ ရာထူးက ပြုတ်သွားကာ သုံ့ပန်း ဖြစ်လာခဲ့လေတယ်။

ထိုကလေး ကိုယ်ဝန်ရှိစဥ် ကတည်းက နိုင်ငံတော် အတွင်း ကမောက်ကမ တွေစဖြစ်လာပြီးတော့ ကိုယ်ဝန် ရင့်လာချိန်မှာလည်း နိုင်ငံ တော်က ပြိုကွဲ သွားကြလေတယ်။ ဒါကြောင့် ဧကရီနဲ့ ဧကရာဇ်က ထိုကလေးကို အလွန်မုန်းတီးလေတယ်။ ဒါကြောင့် မွေးမွေးပြီးချင်း စွန့်ပစ်လိုက်တယ်။

ထိုအချိန်မှာ စီးခုန်မေ့ဟွား က မွေးပြီး ခဲ့ပြီပဲ ဖြစ်လေတယ်။ သူလေး မွေးချိန်မှာ ကြီးကျယ်ခမ်းနားတဲ့ လက္ခဏာတွေ ပေါ်လာခဲ့ပေမယ့် သူက ကောအမျိုးသား ဖြစ်နေခဲ့တယ်။ ဒါ​ကြောင့် ဆရာတော်ကြီးက နမိတ်ဖက်ပေးခဲ့လေတယ်။

သူဟာ အရမ်းကံကောင်းခြင်း ရှိနေပေမယ့် ကံကောင်းလွန်းနေတာ က သူ့ရဲ့ ကံကြမ္မာကို ထိခိုက်စေ နိုင်တာမို့ အထီးကျန်ကြယ်၊ အမှိုက်ကြယ်နဲ့ သွေးကြယ် ဆိုတဲ့ နတ်ဆိုးကြယ် သုံးလုံး ရှိသူ နဲ့ ပေါင်းဖက်ရမှာ ပဲ ဖြစ်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now