အပိုင်း (18)

3.6K 407 10
                                    

(18) စနစ်မှ စွန့်ခွာခြင်း

စီးခုန် ချီယာ့ဟာ သူနေမကောင်းချိန်မှာ ကျိုးချီရဲ့ လေလွင့်ဝိဉာဥ် က သူအားနည်း နေတာကို အခွင့်ကောင်း ယူပြီးတော့ သူ့ကိုယ်ထဲ ဝင်ခဲ့တယ်လို့ ဆိုလာတယ်။

ကျိုးချီက အစတုံးက မူလ စီးခုန်ချီယာ့ရဲ့ မှတ်ဉာဏ်တွေကို ရခဲ့တာကြောင့် သူက မူလ စီးခုန်ချီယာ့ဟာ သေသွားပြီပဲ လို့ သူထင်နေခဲ့တာပါ။ အခုကျတော့ မူလ ဝိဉာဥ်က လာပြီး ဖယ်ခိုင်းနေပါပြီ။ သူက သူ့အမျိုးသားလေးကို လက်မလွှတ် ချင်ပေမယ့် ထိုကိုယ်ခန္ဓာက သူ့ပိုင်ဆိုင်မှု မဟုတ်တဲ့ အတွက်ကြောင့် ပြန်ပေးရမှာပဲ ဖြစ်လေတယ်။

ကျိုးချီဟာ စိတ်မကောင်း စွာနဲ့ပဲ သက်ပြင်းချ လိုက်တယ်။

ခေတ်သစ်လူတွေ ဘယ်လောက်ပဲ ဉာဏ်များပါစေ ရှေးခေတ်က လူတွေကိုတော့ လုံးဝ မမှီနိုင်ပေ။ ပြီးတော့ ကျိုးချီရဲ့ ခံစားချက်က မျက်နှာပေါ်မှာ ထင်းနေတော့ အတွေ့အကြုံ ပေါင်းများစွာ ဖြတ်သန်း ခဲ့ရတဲ့ စီးခုန် ချီယာ့က ချက်ချင်း သဘောပေါက် နားလည်လေတယ်။

ဒါကြောင့် သူက ပြုံးပြီးတော့ ပြောလေတယ်။

'' စိတ်မကောင်း မဖြစ်ပါနဲ့။ ကျန်းက အဲ့ကောင်လေးကို မကြိုက်တာမို့ မင်းရဲ့ သူ့အတွက် အချစ်တွေ ပါတဲ့ ခံစားချက် တစ်ခု ထားခဲ့လို့ ရပါတယ်။ ပြီးတော့ မင်း က သေတဲ့လူလို့တော့ ကျန်းမထင်ဘူး။ ''

ကျိုးချီက သူက သေပြီးသား မဟုတ်ဘူးလို့ ပြောလာတော့ အနည်းငယ် အံ့သြ သွားလေတယ်။

'' ငါ မသေသေး ဘူးဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ? ''

'' ကျန်းက မင်းနောက်က ငွေဖြူရောင် ကြိုးကို တွေ့တယ်လေ။ အဲ့တာရဲ့ လားရာကို လိုက်သွားရင် မင်းရဲ့ မူရင်း ကိုယ်ထဲကို ပြန်ရောက် လိမ့်မယ်။ ''

'' ဟုတ်လား?''

ကျိုးချီက အနည်းငယ် တွေဝေ သွားပြီး ဆက်မေးတယ်။

'' မင်းက ထန်ချီလေး အပေါ် ခံစားချက် မရှိဘူးလား ''

အမှန်တိုင်း ပြောရရင် ကောလေးက ချစ်စရာလေး ဖြစ်တဲ့ အပြင် ကိုယ်က သန့်စင် ခန္ဓာ မလို့ ချီယာ့က စိတ်ခံစားချက် ရှိလေတယ်။ ဒါပေမယ့် သူ ငြင်းမှ ရပေမယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now