အပိုင်း (၂၅) ဇာတ်သိမ်း

3.9K 254 8
                                    

(25) ဇာတ်သိမ်း

ကျိုးချီနဲ့ အန်းဇီရှို့တို့ရဲ့ ကလေးတွေကို ကျိုးကောင်း ၊ ကျိုးဇီ နဲ့ ကျိုးထန် ဆိုပြီး ခေါ်ခဲ့လေတယ်။ ကလေး၃ ယောက်ခမျာ မွေးပြီး တစ်ရက်အကြာမှာပဲ အိုမီဂါဖေဖေ ရဲ့ နို့ရည်ကို သောက်ခွင့် မရတော့ပါပေ။ ဘာလို့လဲ ဆိုတော့ ကျိုးချီရဲ့ ပိုင်ဆိုင်လိုစိတ် ဗီဇ က ပြင်းထန်တဲ့ အတွက်ကြောင့် မလို့ သူက သူ့ကလေးတွေကိုတောင်မှ မဝေမျှပေး ချင်တော့ပါပေ။

ကလေးတွေက မွေးကတည်းက အယ်ဖာလေးတွေ ဖြစ်နေလို့သာရယ်ပါ။ အဲ့တာကြောင့် လဲ အကြမ်းခံနိုင်ပြီးတော့ နို့မှုန့်နဲ့သာ ကြီးပြင်းလာခဲ့ ရလေတယ်။

နမ်မိသားစုနဲ့ ကတိ ရှိထားတဲ့ အတွက်ကြောင့် ငယ်စဥ်ကတည်း က ကလေး ၃ ယောက်ကို နမ်အိမ်က ကလေး လေးယောက်နဲ့ အမြဲတမ်း အတူတူ ဆော့ကစားခိုင်း လေတယ်။ ကလေးတွေ ကလည်း နမ်မိသားစုရဲ့ အငယ်လေး ကို ဝိုင်းပြီးတော့ ချစ်ကြသလို စောင့်ရှောက်ကြလေတယ်။

အသက် ၁၇ နှစ် ပြည့်တဲ့ အချိန်မှာ ကျိူးမိသားစုရဲ့ သားသုံးယောက် လုံးက ထိပ်တန်း လွှမ်းမိုး အယ်ဖာတွေ ဖြစ်ကြပြီးတော့ ချောမောလှပ ထက်မြတ်တဲ့ လူငယ်လေး တွေအဖြစ်နဲ့ ကြီးပြင်း လာခဲ့လေတယ်။

နမ်မိသားစု ရဲ့ ကလေးတွေ ကတော့ နှစ်ယောက်က ထိပ်တန်း အယ်ဖာ တွေ ဖြစ်ပြီးတော့ တစ်ယောက်က ထိပ်တန်း အိုမီဂါ ဖြစ်ကာ အငယ်ဆုံးလေး ကတော့ သူ့ရဲ့ အိုမီဂါ ဂလင်းလေး ထိခိုက်မိသွားလို့ ဘီတာ အဖြစ် သတ်မှတ်လို့ မရသလို အိုမီဂါအဖြစ် သတ်မှတ်လို့လဲ မရပါပေ။

သူတို့ရဲ့ အမျိုးအစားတွေကို သိရပြီ ဆိုတာနဲ့ သူတို့ မမွေးခင် ကတည်း က ထားရှိ တဲ့ ကတိ တစ်ခုကို နှစ်ဖက် စလုံးက ထုတ်ပြပြီးတော့ ရွေးချယ်ခိုင်းလိုက်ကြတယ်။

ထိုအချိန်မှာပဲ ကျိုးဇီနဲ့ ကျိုးထန် က နမ်ဟွားဆိုတဲ့ အိုမီဂါလေးနဲ့ နမ်ပေါင်ပေါင်း ဆိုတဲ့ အငယ်ဆုံး ကလေးလေး ကို သက်ဆိုင်ရာ အသီးသီး လက်ကို ဆွဲခေါ်ကာ သူတို့က မိသားစု နှစ်ခုရဲ့ ကတိကဝတ်ကို ဖြည့်ဆည်း ပေးမှာ ဖြစ်ကြောင်း ပြောလာခဲ့တယ်လေ။

🎉 You've finished reading [Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟 🎉
[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now