အပိုင်း ( ၂ )

2.4K 262 5
                                    

(၂) စေ့စပ်ထားသူ

ကျိူးချီက မျက်လုံး ဖွင့်လိုက်တဲ့ အချိန်မှာပဲ ဆရာဝန်တွေအကုန်လုံး က ဝိုင်းကြည့်နေတာ ကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီ သွားလေတယ်။

သူက အသက် ၁၆ နှစ်မှ ထိပ်တန်း လွှမ်းမိုး အယ်ဖာ အဖြစ် ပေါ်လာခဲ့တာ ပဲ ဖြစ်လေတယ်။ ထိုမတိုင်ခင်မှာ သူဟာ အော်တစ်ဇင် ရောဂါကြောင့် ဘယ်သူနဲ့မှ အဆက်အဆံ မရှိခဲ့ပေ။ သူ့ကမ္ဘာငယ်လေးထဲက တစ်ဦးတည်းသော သူကတော့ သူ့ အိုမီဂါဖေဖေ ပဲ ဖြစ်လေတယ်။

ထို ဆိုးဝါးလှတဲ့ ကမ္ဘာကြီးမှာ အသက်ဆက်ရှင်ဖို့ သူ့ အိုမီဂါဖေဖေ က အလိုရှိလို့သာ ကျိုးချီ က ဆက်ပြီး ရှင်သန်နေခဲ့တာ ပဲ ဖြစ်တယ်။ ဒါပေမယ့် အသက် ၁၆ နှစ် အရွယ်မှာ ထိပ်တန်းလွှမ်းမိုး အယ်ဖာ တစ်ယောက် ဖြစ်လာတဲ့ အချိန်မှာတော့ နိုင်ရဲ့ လူမှု ဗဟို အခြေပြု စနစ် ကနေ သူနဲ့ အလိုက်ဖက်ညီဆုံး ထိပ်တန်း အိုမီဂါ တစ်ယောက်ကို ရှာပေးခဲ့လေတယ်။

ထိုအိုမီဂါ က အသက် ၁၉ နှစ် ရှိနေပြီ ဖြစ်ပြီးတော့ ကြယ်မြို့တော် အနုပညာအကယ်ဒမီရဲ့ ပထမနှစ် ကျောင်းသားလေး ဖြစ်ကာ မိဘတွေ ကတော့ လွှမ်းမိုး အယ်ဖာ အဖေ နဲ့ အိုမီဂါ အဖေ တို့ကနေ မွေးလာခဲ့တဲ့ ယောကျာ်းလေး အိုမီဂါပဲ ဖြစ်လေတယ်။

ထို ကောင်လေးရဲ့ မိဘတွေက ထိပ်တန်း စာရင်းဝင် လောက်တဲ့ အထိ ချမ်းသာတယ် လို့ ပြောလို့ မရပေမယ့် ငွေကြေး အတော်အတန်ရှိကာ စားသောက်ဆိုင်တွေ အများကြီး ပိုင်ပြီး တိုက်ခန်းတွေ အများကြီး ပိုင်တဲ့ မိသားစု ပဲ ဖြစ်လေတယ်။

ကျိူးချီရဲ့ မိသားစု ဝင်တွေက ကျိုးချီဟာ ထိပ်တန်းအဆင့် ကိုမှ လွှမ်းမိုးတက်တဲ့ အယ်ဖာ ဆိုတာ ကို သိသွားပြီး ပယ်ရိုမုန်း ၉၈ ရာခိုင်နှုန်း ကိုက်ညီတဲ့ အိုမီဂါ ရှိတာလည်း သိရော အမြန်ပဲ လှုပ်ရှား ခဲ့ကြတယ်။

ရိုးရိုးအိုမီဂါ ဆိုရင်တောင်မှ သူတို့က လက်ခံ နိုင်တယ်။ အခု က ထိပ်တန်း အိုမီဂါဆိုတော့ ပိုလို့တောင် သဘောကျ ကြလေတယ်။

ကျိုးချီဟာ အဖိုးအဖွား တွေရဲ့ မိသားစုကြီး နှစ်ခုရဲ့ တစ်ဦးတည်းသော မြေး ဖြစ်သလို သူ့ရဲ့ မိသားစု မှာလည်း တစ်ဦးတည်း သော သားဖြစ်လေတယ်။ ပြီးတော့ အော်တစ်ဇင်လည်း ဖြစ်နေသေးတယ်လေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Tempat cerita menjadi hidup. Temukan sekarang