အပိုင်း (၁၈)

1.5K 190 1
                                    

(18)

သုတေသီ ကျိုး တစ်ယောက် ဘယ်လို ပြန်ပေး ဆွဲ ခံလိုက်ရတာ လဲ ဆိုတော့ ကားအမဲကြီးတွေနဲ့ ဗလတောင့်တောင့် နေကာမျက်မှန်တပ် ထားတဲ့ သက်တော်စောင့်တွေက ဆွဲခေါ် သွားခြင်း ခံရတာ မျိုး မဟုတ်သလို ငွေလိုချင်လို့ လူကို ဖမ်းတဲ့ မိုက်တိမိုက်ကန်း ကောင်တွေ လည်း မဟုတ်ခဲ့ပေ။

မေ့ဆေးပေးပြီး ဗင်ကားပေါ် ဆွဲတင် သွားတာ မျိုးလည်း မဟုတ်ပဲနဲ့ လက်နက်တွေနဲ့ ချိန်းခြောက်ခံ ရတာမျိုးလဲ မဟုတ်ခဲ့ပေ။

ဘယ်လို ပြန်ပေး ဆွဲ ခံရတာလဲ ဆိုတော့ သူကိုယ်တိုင် လိုက်သွားတဲ့ ပြန်ပေး ဆွဲ ခြင်းလို့ ပဲ ခေါ်နိုင်လေတယ်။

ပရိဘောဂ ဆိုင်ကနေ အပြန် သားနားသပ်ရပ်စွာ ဝတ်ဆင်ထားပြီး အတော်လေး ကို လှပတဲ့ အိုမီဂါတစ်ယောက် က သူ့ဆီကို တည့်တည့် လမ်းလျောက် လာခဲ့တယ်။

အစက နေကာ မျက်မှန်ကြီး တက်ထားပြီး သူ့ဆီ လာတော့ ကျိုးချီ က မျက်မမြင်ထင်လို့ ဘေးကို ရှောင်လိုက်ပေမယ့် ထိုအိုမီဂါက စကားပြော လာခဲ့တယ်။

'' ကျိုးလူကြီးမင်း ကို ကျွန်တော် ညှိနှိုင်း ချင်လို့ပါ ။ တစ်ခဏလောက် လိုက်ခဲ့ပေးလို့ ရမလားဗျာ ''

ကျိုးချီ က ဖေဖေ ချီနဲ့ အိုမီဂါ အန်း တို့က လွဲလို့ တစ်ခြား အိုမီဂါတွေနဲ့ သိပ်ပြီး မနီးကပ်ဘူးတဲ့ အတွက်​ကြောင့် သူက အနားကို တိုးလာတဲ့ အိုမီဂါ ကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်းနဲ့ အနောက်ကို ခြေတစ်လှမ်း ဆုတ်ကာ ပြောလိုက် တယ်။

'' ပြောစရာ ရှိတာ ပြောပါ။ အနားကို ကပ်မလာ ပါနဲ့။ ကျုပ် မကြိုက်ဘူး ''

'' ဟုတ်ပါပြီ။ အဲ့တာဆို ကျွန်တော်တို့ ဆွေးနွေးဖို့ ဆိုင် တစ်ဆိုင်ကို သွားကြစို့လေ ''

'' ကျုပ်က ဘာလို့ ခများနဲ့ ဆွေးနွေးရမှာလဲ။ ကျုပ်က မင်္ဂလာဆောင်တော့ မှာမလို့ ခွင့်ရက် ယူထားတာ ဗျ။ ဘာအလုပ်မှ လက်မခံဘူး ''

ထို အိုမီဂါ လှလှလေး ခမျာ ခဏလောက် ကြောင်အ သွားပြီးတော့ သိမ်မွေ့စွာ ရယ်မောကာ ပြောလိုက်တယ်။

'' ကျွန်တော်က အခု လက်ရှိ ဧကရာဇ်ရဲ့ တတိယ မြောက်သားပါ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် ကလည်း သုတေသီ တစ်ယောက်ပါပဲ။ အမည်ကတော့ နမ်ထုံ လို့ ခေါ်ပါတယ်။ ကျွန်တော်က အလုပ်အပ်ချင်တာ ဆိုပေမယ့် သိပ်မကြာမှာ ဖြစ်တဲ့ အတွက် လက်ခံ ပေးဖို့ တောင်းဆို ချင်ပါတယ်။ ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now