အပိုင်း (၅)

2K 246 1
                                    


(၅)

ဆေးရုံခန်းရဲ့ အပြင်မှာ ရပ်နေရတဲ့ အိုမီဂါ အန်း ခမျာတော့ အထဲကို ဝင်ရမလား မဝင်ရ ဘူးလား ဆိုတာကို တုံ့ဆိုင်း နေခဲ့လေတယ်။

ဘာလို့လဲ ဆိုတော့ အခုချိန်မှာသာ သူဝင် သွားမယ် ဆိုရင် ယောက္ခမ ကြီး ဒူးထောက်နေရတဲ့ မြင်ကွင်းကို သူက မြင်သွားပါတယ် ဆိုတာ ယောက္ခမကြီး သိသွားရင် အဆင်မပြေ မှုတွေ ဖြစ်လာနိုင်တယ်လေ။

အိုမီဂါ အန်းဟာ ဒိတ်ဒိတ်ကျဲ အယ်ဖာ ကျိုးဟန်ကို ကိုင်တွယ်နိုင်တဲ့ အိုမီဂါ ဖေဖေ ချီရွေ့ကို အရမ်းကြီး လေးစား သွားခဲ့ ပါပြီ။

'' ဟုတ်လို့လား။ ခများက ကျုပ်ကို ခွေးလို့ ပြောချင်တာများလား ''

ဖေဖေ ချီရွေ့ဟာ အပြုံးလေးနဲ့ အေးစက်တဲ့ မျက်လုံးတွေဖြင့် ပြောလိုက်တယ်။ ကျိုးဟန် ခမျာ ရှိရှိသမျှ အကုန်ထောင်သွားပြီးတော့ အန္တရာယ် အငွေ့အသက် တွေ ရလာလေတယ်။

'' မဟုတ်ပါဘူး အချစ်ရယ်၊ ကိုယ်ကသာ ခွေးပါ။ ကိုယ်က ခွေးပါ''

ထိုအချိန် မှာ အန်းဇီရှို့က တံခါးကို ခေါက်ကာ ကျိုးချီရဲ့ နာမည်ကို ခေါ်လိုက်တယ်။

'' ရှောင်ကျိုး....  ရှောင်ကျိုး... ''

ကျိုးချီက သူ့ဖေဖေ ဗိုက်ဆီ မျက်နှာအပ်ထားရာက နေခွာလိုက်ပြီးတော့ ပျော်ရွှင်စွာ ပြောလိုက်တယ်။

'' ဇီရှို့ကောကော လာပြီ။ ပါးပါး ..... ဇီရှို့ ကောကော သားကို လာတွေ့ပြီ''

'' ဟုတ်ပါရဲ့ ''

ချီရွေ့က သူ့ရဲ့ ငတုံးသားလေး ပျော်နေတာကို မြင်ပြီးတော့ ခေါင်းလေးကို ပွတ်ကာ ပြောလိုက်တယ်။

'' ထတော့ ၊ နောက်တစ်ခါ ကျုပ်သား ကို ခွေးသားလေး လို့မပြောနဲ့။ ရှင်းရှင်း ပြောလိုက်မယ် ဆဲရေးတိုင်းထွာတဲ့ စကားလုံးတွေ တစ်ခွန်းတောင်မဟနဲ့ ''

'' ကျေးဇူးတင်ပါတယ် အချစ်ရယ်''

ကျိုးဟန်က ဒူးထောက် နေရာ ကနေ အမြန်ထလိုက်ပြီးတော့ ဝတ်စုံကို သပ်ရပ်အောင် ပြင်လိုက်တယ်။ ပြီးတော့ သူ့မိန်းမရဲ့ မျက်ရိပ်မျက်ကဲ ပြတာကို ကြည့်ပြီးတော့ သူ့ရဲ့ သားမက်လောင်း ရှိရာ တံခါး ဆီကို သွားဖွင့်လိုက်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now