အပိုင်း (၁၄)

1.4K 181 5
                                    

(14)

အန်းဇီရှို့ က ရေချိူး ပြီး စကင်ကဲကာ ညအိတ် အဝတ်အစား လဲ ပြီး အောက်ကို ဆင်းလာတဲ့ အချိန်မှာ ကျိုးချီက ဟင်းတွေနဲ့ ထမင်းတွေ ပြင်ပြီး သွားပြီပဲ ဖြစ်လေတယ်။

စားပွဲပေါ်က အရောင်အသွေး စုံလင် လှတဲ့ ဟင်းတွေနဲ့ ဖြူဖွေးကော့ပျံ နေတဲ့ ထမင်းကို ကြည့်ပြီးတော့ အန်းဇီရှို့က တကယ်ကြီးကို အံ့သြ သွားတာ ပဲ ဖြစ်လေတယ်။

အန်းဇီရှို့က ခေါက်ဆွဲတောင် ကောင်းအောင် မပြုတ်တက်တဲ့ မီးဖိုချောင် လူသတ်သမား တစ်​ယောက်ပါ။ အခုလိုဖွယ်ဖွယ် ရာရာတွေကို သူ့အယ်ဖာ က ချက်ထားတာ ကိုတွေ့တော့ သူအနည်းငယ် ရှက်ရွံ့မိ သလို ဂုဏ်လည်း ယူမိလေတယ်။

အန်းဇီရှို့ က စားပွဲကို လာတော့ ကျိုးချီ က အေပရွန်တောင် မချွတ်ရသေးပဲနဲ့ အန်းဇီရှို့ ထိုင်ဖို့ရာ အတွက် ခုံကို ဆွဲထုတ်ပေးပြီးတော့ ထမင်းပန်းကန်လေး ပါ ထည့်ပေးခဲ့လေတယ်။

အန်းဇီရှို့ ခမျာ အပျော်လုံး ဆို့ပြီးတော့ မျက်ရည်ဝဲ သွား ရှာလေတယ်။ ကျိုးချီက အကုန်ပြင်ပြီးတော့မှ အေပရွန်ကို ချွတ်ကာ ထမင်းစားဝိုင်းမှာ ဝင်ထိုင်လေတယ်။

'' ဇီရှို့ကောကော ရှောင်ကျိုးရဲ့ လက်ရာတွေကို မြည်းကြည့်ပေး ပါအုံးနော် ''

အန်းဇီရှို့က အမြန်ပဲ ခေါင်းငြိမ့်ကာ သခွားသီး သုတ်ကို ယူပြီး ကိုက်စား ကြည့်လိုက်တယ်။ သခွားသီးက ကြွပ်ဆပ်နေပြီးတော့ အရသာ ကလည်း အတော်လေး ကို ကောင်းလေတယ်။ ပြီးတော့ ခေါက်ဆွဲပြုတ်ကို ယူပြီး မြည်းကြည့်တော့ အရသာ က ကောင်းနေပြန်ရော။

ကျိုးချီ က အမဲသား ကြော် ကို အပိုင်းပိုင်း လှီးပေးကာ အန်းဇီရှို့ဆီကို တိုးပေးလိုက်တယ်။

'' ဝါး ပါးစပ်ထဲမှာတောင် အရည်ပျော်သွား မလိုပဲ! ''

အမဲသား အတုံးလေးကို မြည်းကြည့် ပြီးတော့ ချီးကျူးလိုက်တယ်။ နောက်ဆုံး ခရမ်းချဥ်သီး ကြက်ဥ စွတ်ပြုတ် ကို သောက်မယ် လုပ်တဲ့အခါ ကျိူးချီ က ထမင်းပေါ် စမ်းစား တာက ပိုကောင်းကြောင်း ပြောလာခဲ့တော့ ထမင်းနဲ့ အတူတူ ရောပြီး စားလိုက်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now