အပိုင်း (၃)

1.8K 231 0
                                    

(၃) အယ်ဖာအမှတ်အသားဖျက်ဆေး

အယ်ဖာ​လေး ကျိုးချီဟာ သူ့ကို ကျေးဇူးတင်တဲ့ ထိပ်တန်းအိုမီဂါတွေ ဆီကနေ ကျေးဇူးတင်လွှာတွေနဲ့ လက်ဆောင်ပစ္စည်းတွေ ကို ရရှိခဲ့လေတယ်။

သူ့ရဲ့ မိဘတွေက ပြင်ပ ထိတွေ့မှု အနည်းငယ် ရအောင် ကျေးဇူးတင်လွှာတွေနဲ့ လက်ဆောင် ပစ္စည်းတွေ အကုန်လုံး ကို ကျိူးချီအား အကုန်လွဲပေး ခဲ့တာ ဖောက်ကြည့်ဖို့ ခိုင်းလိုက်လေတယ်။

ကျေးဇူးတင်လွှာတွေ ရဲ့ ကြားထဲမှာ အပြစ်တင်တဲ့ စာလွှာ တစ်စောင်ပါ လာခဲ့လေတယ်။ အဲ့ထဲမှာ ထိပ်တန်း အိုမီဂါတစ်ယောက် ဟာ သူတို့ရဲ့ Heat ကို တားပေးတဲ့ ဆေးကို တီထွင်ပေးလို့ ကျေးဇူးတင် ပေမယ့် အဲ့တာက သူ့အတွက်တော့ နောက်ကျသွားလို့ သုံးမရတော့ဘူး လို့ ပြောထား လေတယ်။

သူ့ရဲ့ Heat ကြောင့် သူဟာ မချစ်တဲ့ အယ်ဖာ တစ်ယောက် ဆီကနေ အမှတ်အသား ပေးခံလိုက်ရတယ် ဆိုပြီးတော့ ရေးထားကာ ဆေးကို စောစောမလုပ်ပေးလို့ ကျိန်ဆဲ ထားလေတယ်။ ပြီးတော့ အမှတ်အသား ဖျက်ဆေး ဖော်စပ်ပေး ဖို့ ပြောထားလေတယ်။

အော်တစ်ဇင် ဖြစ်နေတဲ့ အယ်ဖာ ကျိူးချီ ဟာ ငယ်စဥ်က နေစပြီးတော့ အခုချိန်ထိ သိပ်ပြီးတော့ ဇီဝ ကမ္မ ဖြစ်စဥ် တွေကို နားမလည်ပေ။ အိုမီဂါ Heat တားဆေး ဆိုတာကလည်း သူ့ရဲ့ စေ့စပ်သူ အိုမီဂါ အန်း ပြောလို့သာ သိတာပဲ ဖြစ်လေတယ်။ ပြီးတော့ အမှတ်အသား ဖျက်ဆေးကို တစ်ခြားသူတွေ က တောင်းဆို တဲ့ အချိန်မှာ ကျိုးချီက အဖက်တောင် မလုပ်ခဲ့ပေ။ ဒါက သူနဲ့မှ မဆိုင်တာလေ။

ဒါပေမယ့် ထိုသဘောထား က တစ်နေ့မှာတော့ ပြောင်းလဲ သွားတယ်။ တစ်ရက်မှာတော်  သူက အိုမီဂါ အန်းကို သွားတွေတဲ့ အချိန်မှာ အိုမီဂါ အန်း က ရိုက်ကူးရေး လုပ်နေချိန် ဖြစ်တာကြောင့် ရိုက်ကွင်း နေရာကို လိုက်သွားခဲ့တယ်။

ဖြစ်ချင်တော့ ရိုက်ကွင်း မှ ရိုက်နေတဲ့ ဇာတ်ကား နာမည်က ' ထွက်​ပြေးနေသော အလှလေး ' ဖြစ်ကာ ထိုထဲမှာ မှ အန်းဇီရွေ့ က အရံဇာတ်ကောင် ဖြစ်လေ တယ်။ အရံဇာတ်ကောင်သာ ဆိုတယ် သူက ဇာတ်လိုက် အယ်ဖာရဲ့ တရားဝင် ဇနီး ဖြစ်ပြီးတော့ ဇာတ်လိုက် အိုမီဂါ ကတော့ အယ်ဖာမှာ အမှတ်အသား ပြုပြီး သား အိုမီဂါ ရှိမှန်း သိသွားပြီး ထွက်ပြေး တဲ့ ခွေးသွေး ဒရမ်မာပဲ ဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now