အပိုင်း (8)

4.4K 528 23
                                    

(8) ရာထူးနှစ်ဆင့် တိုးသွားခြင်း

မနက်ခင်း လင်းလာတဲ့ အချိန်မှာတော့ စီးခုန်ချီယာ့က နိုးလို့ ထပြီးသွားပြီပဲ ဖြစ်လေတယ်။ သူက သူ့ရဲ့ အမတော် ဧကရာဇ်ဆီကို သွားလည်ပတ် အခစား ဝင်ဖို့ရာ နန်းမြို့တော် ကို သွားရအုံးမှာပဲ ဖြစ်လေတယ်။ ဒါကြောင့် ကျန်းနန် မှာ ရှိတဲ့ လုပ်စရာ ကိစ္စတွေကို အပြီးသတ် လုပ်ဖို့ လိုအပ်လေတယ်။

စီးခုန် ချီယာ့က သူမထွက်လာသွားခင် အစေခံတွေကို ထန်ချီအား မနိုးဖို့ ပြောခဲ့ ပြီးတော့ သူနိုးလာရင်လည်း ကောင်းကောင်း ခစားဖို့ ပြောလိုက်တယ်။

အပြင်မှာ ရပ်စောင့်နေတဲ့ အစေခံတွေက မနေ့ည အခန်းထဲက အသံဗလံတွေကို မကြားစရာ အကြောင်း မရှိဘူးလို့ သူထင်မိတယ်။ ဒါကြောင့် လောလော လတ်လတ်တော့ ထန်ချီကို ဘယ်သူမှ မထီမဲ့မြင် မပြုနိုင်ဘူး ဆိုတာကို သူသိလေတယ်။

သူက အခုချက်ချင်း ကိုယ်လုပ်တော်ငယ် အဖြစ် ရာထူးတိုးပေးချင် ပေမယ့် ဘာမှ နောက်ခံမရှိ၊ အရည်အချင်း မရှိသေးတဲ့ ကောငယ်လေးကို သက်မှတ်ချက် လ မပြည့်မှီ ရာထူးတင်ပေး လိုက်တာက ပစ်ချက် တစ်ခု ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက်ကြောင့် သူက မတိုးပေး ရသေးတာပဲ ဖြစ်တယ်။

အခုမှ သူတို့ ပေါင်းသင်းလာတာ ၁၀ ရက် ကျော်ကျော်လောက် လေးပဲ ရှိအုံးမှာပဲ။ သူက သာ ကလေးလေးကို ငယ်သေးတယ်လို့ ခေတ်သစ် အမြင်နဲ့ မြင်ခဲ့ပေမယ့် ကလေးလေးက အမှန်တော့ အရွယ်ရောက် နေပြီမှန်း သူသိပါတယ်။

စီးခုန်ချီယာ့ တစ်ယောက် စာဖက်ခန်းထဲ ဝင်ပြီးတော့ သူပိုင်တဲ့ နယ်မြေတွေရဲ့ ထွက်ကုန်တွေ၊ အခြေအနေတွေ၊ လုံခြုံရေးနဲ့ ငွေပဏ္ဏာ တွေ အတွက် စာရင်း ဇယား ကိုင်ရလေတယ်။

သူ့ခမျာ အပိုင်စား ရတဲ့ နယ်က ကြီးတော့ ခေါင်းတွေပါ ကိုက်လာရတယ်။ တကယ်လို့ ဧကရာဇ်သာ လုပ်ခဲ့လို့ ကတော့ သူ့ခေါင်းမွှေးတွေ မြန်မြန်ဖြူပြီး အိုမင်းလာမှာ ကို မြင်ယောင် သေးတယ်။

ချီယာ့ စာကြည့်ခန်း ထဲ ဝင်တာ သိပ်မကြာခင် မှာပဲ အိမ်တော် ထိန်းကျိုးနဲ့ နောက်က အစေခံတွေ ဝင်လာပြီးတော့ မနက်စာ တည်ခင်း ပေးခဲ့တယ်။ ရှေ့ရက်တွေမှာ သူနိုးလာတော့ စွင်းအိမ်တော်မှာ ဖြစ်လို့ အစားအသောက် တွေက သိပ်ပြီးတော့ မကောင်းပေ။ သူများတွေ အတွက်သာ ကောင်းချင် ကောင်းမယ် သူ့လို ဝမ်ရယ် တစ်ယောက် အတွက် ကတော့ နိမ့်ကျ နေဆဲပါပဲ။ ပြီးတော့ ခရီးချက်ချင်း မနားတမ်း ထွက်လာပြန်တော့လည်း လမ်းခရီး ပန်းတာနဲ့တင် စီးခုန်ချီယာ့ ခမျာ ဘာမှကို မစားနိုင်ပေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now