အပိုင်း (၉)

1.6K 198 2
                                    

(၉)

အန်းဇီရှို့ နဲ့ ကျိုးချီ တို့ စတူရီယို ကို ရောက်လာပြီး တဲ့နောက် သူတို့တွေ ၅ နှစ်စာချုပ် ချုပ်ကာ ပြန်ထွက်သွားလေတယ်။

လေလို လာ လေ လိုလွင့် သွားပြီးတော့ လုပ်စရာ ကိစ္စ အဝဝ ကိုတော့ တုံဟူ ကပဲ ခေါင်းခံ ပြီးတော့ လုပ်ရလေတယ်။

' ထွက်​ပြေး သွားသော အလှလေး ' ဒရမ်မာ က ထုတ်လွှင့် ပြသ နေတာ ဇာတ်လမ်းရဲ့ သုံးပုံ တစ်ပုံ ရှိနေပြီ ဖြစ်ပြီးတော့ အောင်မြင်မှု တစ်ချို့လည်း ပိုင်ဆိုင်ထား ပြီး ပြီပဲ ဖြစ်တယ်။

ပြီးတော့ အဲ့ထဲက သရုပ်ဆောင် လူသစ်တစ်ချို့ ကလည်း အဆင့်မှီ သရုပ်ဆောင်တွေ အဖြစ် သတ်မှတ်ခြင်း ခံလာရလေတယ်။ ထိုလူတွေ ထဲမှာ အန်းဇီရှို့လည်း အပါအဝင် ဖြစ်လေတယ်။ အခု အန်းဇီရှို့နဲ့ စာချုပ် ချုပ်ပြီး သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ စတူ ရီယိုက အန်းဇီရှို့ကို ထိပ်တန်း အရင်းအမြစ်တွေ ပေးရတော့မှာ ပဲ ဖြစ်လေတယ်။

အင်တာနက်ပေါ်မှာ ' အရူးလေး ' စတူရီယို က နောက်ခံ အတောင့်ဆုံး စတူရီယို တစ်ခု အဖြစ် ရပ်တည် နေပြီးတော့ အခု ကျတော့ ပထမ ဆုံး လက်တွဲတဲ့ အနုပညာ ရှင် ကလည်း ထိမ်းမြားခြင်း ဖိုရမ်မှာ ' အရူးလေး စတူရီယို 'ပိုင်ရှင် နဲ့ စေ့စပ်ထားသူ အန်းဇီရှို့ ဖြစ်နေတာကို လူတိုင်း တွေ့လိုက်ကြရလေတယ်။

ကျိုးချီကို ကြိတ်ပြီးတော့ သဘောကျ နေခဲ့တဲ့ အိုမီဂါတွေ ခမျာ ထိမ်းမြားခြင်း ဖိုရမ်ရဲ့ အတည်ပြု ပို့စ်ကိုတွေ့ပြီးတော့ အသဲတွေ ကွဲ ကုန်ကြလေတယ်။

နောက်တော့ အန်းဇီရှို့က ' အရူးလေး ' ဆိုတဲ့ သီချင်း ကို သီဆိုထားတဲ့ မူရင်း သူမှန်း ပေါ်သွားတော့ အရမ်းကို တစ်ဟုန်ထိုး နာမည် ကြီးသွားပြန်တယ်။

လူတွေ မှတ်ချက်တွေ ဘယ်လောက်ပဲ ပေးနေကြပါစေ အဓိက လူနှစ်ယောက် ကတော့ ဗီလာတွေကို လိုက်ကြည့်နေကြ ပြီပဲ ဖြစ်လေတယ်။

အန်းဇီရှို့ရဲ့ တိုက်တွန်းမှု နဲ့ အတူ ကျိုးချီရဲ့ စိတ်လောမှု အပြင် နှစ်ဖက် မိဘတွေရဲ့ အားပေး မှုကြောင့်ပါ သူတို့က နောက် ၃ လ နေရင် လက်ထပ် ကြတော့မှာ ပဲ ဖြစ်လေတယ်။ ဒါကြောင့် လက်ထပ် ပြီးရင် အတူတူ နေကြဖို့ရာ သီးသန့် ဗီလာတွေ လိုက်ရွေး နေကြတာ ပဲ ဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now