အပိုင်း(3)

6.2K 755 25
                                    

(3) ကိုယ်ရေးကိုယ်တာ အစေခံ

မကြာခင်မှာပဲ အစေခံ တွေက ရေချိူးဖို့ ပြင်ပြီး သွားပြီ ဖြစ်တာကြောင့် ချီယာ့က ကောင်လေးကို ပွေ့ကာ သန့်ရှင်းရေး လုပ်ပြီး ရေချိူးပေးကာ သူပါ ရေဝင်ချိူးလိုက် ရလေတယ်။

မနေ့ညက သူရူးသွားတယ် ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် သူ့အမှားကြောင့် လူတစ်ဖက်သား ဒုက္ခရောက် ပျက်စီး မှာကိုတော့ မလိုချင် ပါပေ။ ဒါကြောင့် ထိုကလေးရဲ့ ဘဝကို သူတာ ဝန်ယူ ပေးမှာ ပဲ ဖြစ်လေတယ်။

ရေချိုး အဝတ်အစားလဲ ပြီးတဲ့နောက် ထို ကလေးကိုပွေ့ကာ စွင်းမိသားစု အိမ်ရဲ့ ဟောခန်းမ ထဲကို သွားလိုက်လေတယ်။ မနက်ရောက်တော့မှပဲ သူ့ရဲ့ သက်တော်စောင့် တွေ ရောက်လာခဲ့တယ်။

ချီယာ့ကတော့ ပြုံးရုံသာ ပြုံးပြီး ထိုသက်တောစောင့် တွေကို ဆူပူမာန်မဲ တာမျိုး မလုပ်ခဲ့လေဘူး။

စွင်းမိသားစု ဧည့်ခန်းမှာတော့ စွင်းအိမ်က လူတွေ တက်ညီလက်ညီနဲ့ ရှိနေကြပါတယ်။ ချီယာ့ ဟာ ထိုလူတွေရဲ့ မျက်လုံးတွေ ထဲက ဖုံးကွယ်ထားတဲ့ အရာတွေကို မြင်နိုင်လောက်တဲ့ အထိ ထပ်မြတ် ပါတယ်။ ဒါကြောင့် ပွေ့ထားတဲ့ ကောင်လေးကို အောက်ကို ချပေးလိုက်ကာ သူ့နောက်ကနေ ဟောခန်းထဲကို လိုက်ဝင်စေ ခဲ့တယ်။

ဝမ်ရယ် ရောက်လာတာ ကြောင့် မိသားစု အကြီးအကဲတောင်မှ ခုံကိုဖယ်ပေးရလေတယ်။ ချီယာ့ကတော့ ခုံမှာ ဝင်ထိုင်ပြီး ပြုံးနေခဲ့တယ်။

ထိုအချိန်မှာပဲ စွင်းအမတ်က စကားစပြောလေတယ်။

''အရှင် ဝမ်ရယ် ညက စိတ်တိုင်း ကျတော်မူ ပါသလား ''

''အမတ်မင်းက ပန်ဝမ်ဆီ ကနေ ဘယ်လိုစကားမျိုးကို ကြားချင်နေတာလဲ ''

ပြုံးနေတဲ့ သူရဲ့ မျက်နှာကို ကြည့်ကာ ဘယ်သူမှ ထိုလူ ဘာတွေနေသလဲ ဆိုတာကို မခန့်မှန်း တက်ကြပါပေ။ ထိုအချိန် စွင်းမေမေကြီးက ပြုံးပြီး ဝင်ပြောလေတယ်။

'' ဒီအဘွားကြီး ကြားလိုတာက ဒီအိမ်က ဆက်သတာကို ဝမ်ရယ် နှစ်သက်တော် မူပါရဲ့လားလို့ ပါ ''

ချီယာ့က မျက်ခုံးတစ်ဖက် ပင့်ကာ ပြောလိုက်တယ်။

'' အို....မင်းတို့ အိမ်က ဆက်သတာ? ? ဟုတ်ရဲ့လား ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now