အပိုင်း (7)

4.5K 542 18
                                    

(7)ဝမ်ရယ်ရဲ့ မောင်းမ ဖြစ်လာခြင်း

ထိုအစည်းအဝေး ပြီးသွားတဲ့ နောက် နာရီ ၂၀ အတွင်းမှာပဲ ဝမ်ရယ်အိမ်တော်ရဲ့ မောင်းမဆောင် အကုန်လုံး သန့်ရှင်းရေး လုပ်ပြီး သွားပြီ ဖြစ်သလို လာပြီး ဆက်သ ထားတဲ့ ကိုယ်ရေး ကိုယ်တာ အစေခံ မိန်း မပျိုလေး တွေကို လည်း ရှင်းထုတ် ပြီးသွားပြီပဲ ဖြစ်လေတယ်။

ဒါပေမယ့် ညကျ မှောင်လာပြီ ဖြစ်လို့ စီးခုန်ချီယာ့က ထန်ချီလေးကို သူ့ရဲ့ ဝမ်ရယ်အိပ်ဆောင် ထဲမှာပဲ တစ်ညတော့ အိပ်ခိုင်းဖို့ ပြင်လိုက်တယ်။

ထိုနေ့ည စားသောက်ပြီးတော့ အိပ်ယာ ဝင်တဲ့ အချိန်မှာ စီးခုန်ချီယာ့ဟာ ရေခဲပန်းပွင့်လေး ကို ပွေ့ဖက်ပြီး ပျော်ပျော်ကြီး အိပ်သွားခဲ့ပေမယ့် အဖက်ခံ ရတဲ့ ကောင်လေးမှာတော့ အခုထိ အိပ်မပျော်ပါပေ။

ထန်ချီလေးက အခုရက်ပိုင်း အတွင်းမှာ ဖြစ်ပျက်သမျှ တွေကို လိုက်လျော ညီထွေစွာ ရှိနိုင်ဖို့ ကြိုးစားခဲ့လေတယ်။ သူက ကျန်းနန် ဝမ်ရယ် ကို ခစားရတဲ့ ကိုယ်ရေး ကိုယ်တာ အစေခံ တစ်ယောက် ဖြစ်နေပြီ ဆိုတာကိုလည်း သူသိတယ်။

အစက ထိုလူသားကို တွေ့တွေ့ချင်း ကြည့်ကောင်းလို့ သဘောကျမိတာတော့ အမှန်ပါ။ ပြီးတော့ နောက်ရက် များ မကြာခင်မှာပဲ သူ့ရဲ့ ပန်းဦးည ကို ပေးလိုက်ရတယ်။ ထိုလူက အိပ်ယာထဲမှာ ဝမ်ဖေး ဖြစ်စေ ရမယ်လို့ ပြောခဲ့ပေမယ့် အပြင်မှာတော့ သူ့ကို မိသားစုထဲက ဆွဲထုတ်ကာ ကိုယ်ရေးကိုယ်တာ အစေခံ အဖြစ် ' ဝယ် ' ခဲ့တယ်လေ။

ကိုယ်က လူကောင်းတစ်ယောက် လို့ သက်မှတ်ပြီး ကာမှ ထိုလူက ယုတ်မာမယ်ဆိုရင် ဘယ်လိုမှ ဖြည်ဆည်နိုင်မှာ မဟုတ်ပေ။ ထန်ချီလည်း သာမန်လူသား တစ်ယောက် ပေပဲလေ။ ဒါကြောင့် သူ စိတ်ပျက် ဒေါသ ထွက်မိတယ် ဆိုတာကိုတော့ မငြင်းချင် ပါဘူး။

စွင်းအိမ်တော်က အမတ်တစ်ယောက်ရဲ့ အိမ်ဖြစ်တယ် ဆိုပေမယ့် ထိုအမတ်စွင်းမှာက ကိုယ်ရေးကိုယ်တာ အစေခံတွေ မရှိတော့ ဘူးလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ထိုအတွက်ကြောင့် ကိုယ်ရေး ကိုယ်တာ အစေခံတွေက ဘယ်လောက်ထိ နိမ့်ချ ခံရသလဲ ဆိုတာကို ထန်ချီ သိတယ်။ အခု သူက ဝမ်ရယ်ရဲ့ ကိုယ်ရေး အစေခံ ဖြစ်ပေမယ့် အဆင့်မြင့် အစေခံတွေ ကတောင် သူ့ကို အပြစ်မပြုရဲ ဘူးဆိုတာ ထန်ချီတွေ့ခဲ့တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now