အပိုင်း (26)

3.4K 317 16
                                    

(26)

သမားတော်တွေ ရောက်လာပြီးတဲ့နောက် ဧကရာဇ်ကို ဘယ်လောက် ပဲ စစ်ဆေး နေပါစေ ဘာရောဂါ မှ ရှာမတွေ့ တာကြောင့် ခေါင်းခြောက် နေကြလေတယ်။

သူတို့ကို ဘေးကနေ စိုက်ကြည့်နေတဲ့ ဧကရီ ဆိုရင် သမားတော်ကြီး တွေကို အကောင် လိုက် ဝါးစား တော့မယ့်ဟန်ပါပဲ။

နောက်ဆုံးမှာတော့ တော်ဝင်သမားတော်ချုပ်က တစ်စုံတစ်ခုကို သတိရသွားဟန်နဲ့ ဧကရီရဲ့ သွေးခုန်နှုန်း ကို စစ်ဆေးခွင့်တောင်းလာလေတယ်။

'' မောင်မင်း တို့က ဧကရာဇ်ကို မကုသနိုင်ပဲ အဘယ်ကြောင့် ငါဧကရီ ရဲ့ သွေးခုန်နှုန်းကို ဘာကြောင့် စမ်းသပ်ချင် နေရတာလဲ ။ ''

'' ဒီငယ်သားမှာ အတည်ပြုစရာ ရှိလို့ပါ ဧကရီ ။ ဒါကြောင့် ခွင့်ပြုပေးပါ''

'' ဟုတ်ပြီလေ ''

ဧကရီကို သွေးခုန်နှုန်း စမ်းသပ်ရမှာ ဖြစ်လို့ လက်ကောက်ဝတ် ပေါ်ကို ပုဝါအကြမ်းလေး လွှမ်းပြီးမှ ထိတွေ့လို့ ရလေတယ်။

ချီယာ့က လည်း မျက်မှောင်ကြုတ်ကာ လှဲရင်းနဲ့ ကြည့်နေခဲ့တယ်။ ဒီသမားတော် အိုကြီးတွေက ဘာဖြစ်ချင်နေတာလဲ ဆိုတဲ့ အကြည့်နဲ့ပေါ့။ စစ်သူကြီးပေ့ ကတော့ တစ်စုံတစ်ခုကို ခန့်မှန်း နေပြီးသားပဲ ဖြစ်လေတယ်။

ချင်းမင်းသားလေး ကတော့ သူ့ဦးရီးတော် ဧကရာဇ် လုပ်တာကို အတုခိုးပြီး မျက်မှောင်ကြီး ကြုတ်ထားလေတယ်။

သမားတော်အကြီးခမျာ အကြည့်တွေ အားလုံးရဲ့ အောက်မှာ မျက်နှာကြီး ပြုံးလာပြီးတော့ ကျန်လက်တစ်ဖက် က သူ့မျက်နှာက မှုတ်ဆိတ်မွေး အဖြူရှည် ကြီးကို ပွတ်သပ်နေခဲ့တယ်။

'' ဒါက ဒီလိုကိုး ဟားဟားဟား ''

ချီယာ့က ရယ်နေတဲ့ အဖိုးကြီး ကို ကြည့်ကာ အတော်လေး စိတ်ဆက်နေလေတယ်။ သူကဖြင့် ထမင်းတောင် အများကြီး မစားရသေးဘူး ပျို့အန် လာတယ်။ အခုကျတော့ အိပ်ယာပေါ်မှာ အားပျက်စွာ လှဲနေရတယ်။

ဒါတောင် ဒီအဖိုးကြီးက သူ့ကိုမကု နိုင်ပဲ ရယ်နေသေးတယ်။

ရယ်ရဲတယ် ပေါ့လေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now