အပိုင်း (19)

3.4K 420 9
                                    

(19)

နောက်တစ်နေ့ မနက်ခင်းမှာ ထန်ချီ နိုးလာတော့ သူ့ဘေးက အိပ်နေတဲ့ လူဟာ တစ်မျိုး ပြောင်းလဲ သွားတာကို ခံစားမိလေတယ်။ ဒါပေမယ့် တစ်ခုခု မူမမှန်တာမျိုးတော့ မဟုတ်ပဲ အရာရာတိုင်း နေသားတကျ ပြန်ဖြစ် သွားတယ်လို့ ခံစားနေရတယ်။

ထန်ချီက အိပ်ယာကနေ ထလိုက်ပြီးတော့ ကိုယ်လက် သန့်စင်လိုက်တယ်။ ပြီးတော့ အဝတ်အစားကို အစေခံတွေ က လဲ လှယ်ပေးလိုက် ပြီးတော့ ဝမ်ရယ်အတွက် အဝတ်အစား တွေကို စီစဥ်ပေး ရလေတယ်။ ထန်ချီ နိုးပြီး သိပ်မကြာခင် အချိန်မှာပဲ စီးခုန် ချီယာ့က နိုးလာခဲ့တယ်။

ကုတင်ဘေးနားမှာ အသင့်ရပ်စောင့် နေတဲ့ ထန်ချီက အရိုအသေပေး ကာ ပြောလိုက်တယ်။

'' နိုးလာ ပြီလား အရှင် ''

'' အင်း ''

စီးခုန်ချီယာ့ လှဲနေရာ ကနေ ထပြီးတော့ ထိုင်လိုက်တယ်။ ထန်ချီက အရှေ့ကို တိုးလာကာ မျက်နှာသုတ် ပုဝါနဲ့ ရေစွတ်ပြီး ရေပြန်ညှစ်ကာ စီးခုန်ချီယာ့ရဲ့ မျက်နှာပေါ်ကို ငြင်ငြင်သာသာလေး ပွတ်ပေးလေတယ်။ နောက်တော့ ဆားနဲ့ မိုးမခ ကိုင်း အပြင် ရေတစ်ခွက်ကို ပေးကာ ခံတွင်းကို သန့်ရှင်းရေး လုပ်စေတယ်။

'' ရေချိုး ချင်ပါသေးလား အရှင်''

'' ပန်ဝမ် နေ့ခင်းကျမှ ရေချိုးမယ်။ ''

'' ဟုတ်ကဲ့ ''

ထန်ချီက ပြင်ထား ပြီးသား အဝတ်အစားကို ယူကာ စီးခုန် ချီယာ့ ကို ဝတ်ပေးလေတယ်။ စီးခုန်ချီယာ့က အရပ်ရှည်ပြီးတော့ ထန်ချီလေးက သူ့ရင်ဘက် အောက်နားလောက်လေး ထိပဲ ရှည်ပါတယ်။ ပြီးတော့ ဝမ်ရယ်တစ်ယောက် ရဲ့ ဝတ်စုံက ပေါ့ပါးတယ် လို့မဆိုလိုနိုင်ဘူး။

ခါးမှာဆွဲတဲ့ အဆောင်အယောင် ကျောက်စိမ်းပြား မပါပဲ အဝတ်မှာ ထိုးထားတဲ့ ရွှေချည်ထိုး၊ ငွေချည်ထိုးနဲ့ ပုံပန်းတန်ဆာတွေက အစစ်တွေနဲ့ လုပ်ထားတာကြောင့် အတော်အသင့် အလေးချိန်စီးလေတယ်။

ချီယာ့က တစ်စုံတစ်ခုကို တွေးတော နေတာ ဖြစ်ပြီးတော့ သူ့ရဲ့ အကျင့်အတိုင်း ခါတိုင်းလို လက်ကို ဖြန့်ထား ပေးမိတယ်။ ဒီလို ဆိုရင် သူ့ရဲ့ ကုန်းကုန်းတွေက သူ့ကို အဝတ်လဲ ပေးနေကြလေ။ အခု ချိန် သူဟာ ပြန်သတိရလာတော့ သူ့ရှေ့က ကလေးငယ်က မမှီ့တမှီနဲ့ သူ့ဝတ်ရုံ အလေးကြီးနဲ့ ဝတ်ပေးဖို့ ကြိုးစားနေတာ ကိုတွေ့လိုက်ရတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now