အပိုင်း(4)

5.7K 707 9
                                    

(4) ဝမ်ရယ်အိမ်တော် သို့ အပြန် ခရီး (၁)

လူ၆ ယောက်လောက် အသာလေး လှဲအိပ်လို့ ရတဲ့ အထိ ကျယ်လှတဲ့ ဇိမ်ခံ မြင်းလှည်းကြီးဟာ အဓိက လမ်းမ ကြီးပေါ်မှာ တဖြေးဖြေး နဲ့ သွားနေခဲ့လေတယ်။

လှည်းအမိုးနဲ့ ဘေးနားမှာ ချိတ်ထားတဲ့ ခေါင်းလောင်းလေး တွေကလည်း တချွင်ချွင်နဲ့ သာယာတဲ့ အသံကို ဖော်ပြနေကြလေတယ်။ ထိုအထဲမှာတော့ စန္တက္ကူး အမွှေး နံသာ အိုးကို ထွန်းထားကာ အသက် ၂၀ အရွယ် အမျိုးသားက ဒူးတစ်ဖက်ကို ထောင်ကာ ထိုဒူးပေါ်ကို လက်တံတောင်နဲ့ ထောက်ထားပြီးတော့ အပြုံးလေးနဲ့ အရှေ့က ခေါင်းငုံ့ထားတဲ့ ကောင်လေးကို ကြည့်နေခဲ့လေတယ်။

တစ်လမ်းလုံး စကားမပြောပဲ ထို အတိုင်း လာခဲ့လိုက်တာ အနီးနားက မြို့ ကို ရောက်တော့ မှ လူငယ်လေး က စကားစပြောလာတယ်။

'' မင်း ပန်ဝမ်ကို မုန်းသလား ''

မူလန်းဟာ မနေ့ညကလည်း အသုံးတော် ခံခဲ့ရတဲ့ အပြင် ကောင်းကောင်းလည်း အနားမယူ ရသေးတာကြောင့် မူးဝေနေလေတယ်။ အခုလို အမေးခံရတော့ သူခေါင်းလေးကိုသာ အသာလေး ခါပြနိုင်လေတယ်။

ချီယာ့က ထိုင်တဲ့ ပုံစံကို ပြောင်းထိုင် လိုက်ပြီးတော့ ထိုကလေးငယ်ကို ပြောလိုက်တယ်။

'' ပန်ဝမ် ဆီကို လာခဲ့ ''

အမိန့်ပေး ခံလိုက်ရတဲ့ အချိန်မှာတော့ မူလန်းက အရှေ့ကို အသာလေး တိုးလာခဲ့ လေတယ်။ သူနဲ့ တရွေ့ရွေ့ ကပ်လာတဲ့ ကလေးလေးကို ကြည့်လိုက်ပြီးတော့ ချီယာ့တစ်ယောက် ရယ်လည်း ရယ်ချင် သလို ဝမ်းလည်းနည်းမိလေတယ်။

ဒါကြောင့် သူနဲ့ သိပ်မကွာတဲ့ နေရာရောက်တဲ့ အချိန်မှာ ချိုင်းကနေ ကောက်မ ပြီးတော့ သူ့ပေါင်ပေါ်ကို တင်ထားလိုက်တယ်။

'' မင်းက ဒီပန်ဝမ်ကို မုန်းနေမယ် လို့ထင်နေတာ။ ဒါမှမဟုတ် မင်းက တကယ်ကြီး ပန်ဝမ်ရဲ့ ကိုယ်ရေး ကိုယ်တာ အစေခံ ဖြစ်ချင်နေတာလား ''

မူလန်းက ခဏလောက် တွေးပြီးတော့မှ ခေါင်းကို ငြိမ့်လိုက်တယ်။

ချီယာ့ ဟာ ထိုကောင်လေးကို လက်ဖက်ရည် ခွက်လေး အနားတိုးပေးကာ သောက်ခိုင်းလိုက်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now