အပိုင်း (၁၂)

1.5K 211 2
                                    

(12)

ကျိုးချီ က ဗီလာထဲကို ပြောင်းလာပြီ ဖြစ်တဲ့ အတွက် ဖေဖေ ကျိုး က အိမ်တော်ထိန်း နဲ့ အလုပ်သမား ၃ ယောက်ကို ပို့ပေး ခဲ့လေတယ်။

ထိုအိမ်တော်ထိန်းဟာ လူတစ်ယောက် တော့ မဟုတ်ခဲ့ပါပေ။ ပြီးတော့ အလုပ်သမားတွေ ကရောပဲပေါ့လေ။ အကုန်လုံး က ကျင်းလန် နည်းပညာရဲ့ စမ်းသပ် ထုတ်ကုန်တွေ ဖြစ်တဲ့ AI စက်ရုပ်တွေ ပဲ ဖြစ်လေတယ်။

ကျိုး မျိုးရိုး က အယ်ဖာ တိုင်းဟာ လွှမ်းမိုးလို စိတ် ရှိတဲ့ ထိပ်တန်း အယ်ဖာ တွေ ဖြစ်တဲ့ အတွက်ကြောင့် အရွယ်ရောက်တာ နဲ့ ကိုယ်ပိုင် နယ်မြေ ကို သတ်မှတ်ထားလေ့ ရှိလေတယ်။ ပြီးတော့ တစ်ခြား သူတွေ က သူတို့ရဲ့ နေရာကို ကျူးကျော်လာတာ ကို လုံးဝ မနှစ်သက် ကြပါပေ။

ချွင်းချက် အနေနဲ့ ကတော့ သူတို့ရဲ့ မိတ်ဖက် လက်တွဲဖော် တွေကိုသာ နေခွင့်ပေး ပေမယ့် သူတို့ရဲ့ သားပေါက်တွေ ကိုတော့ လုံးဝ ဖိနှိပ်ထားလေ့ ရှိတယ်။ ဒါကြောင့် ကျိူးဟန် ဆိုရင် သူ့အိမ်က အလုပ်သမားတွေ ကို သူတို့ မရှိချိန်သာ ဗီလာ ထဲကို ဝင်ခွင့်ပေး ထားပြီးတော့ သူ့ရဲ့ သားကိုတောင် ပစ်ထုတ်ချင်နေခဲ့တာ ပဲ ဖြစ်တယ်။

ဒါပေမယ့် သူ့ရဲ့သားလေး က အရူးလေး ဖြစ်ပြီး အိုမီဂါ အဖေ ရဲ့ နှစ်သိမ့်မှု ကို မရပါက ခွေးရူးတစ်ကောင်လို ပြောင်းလဲ သွားမှာ ဒါမှမဟုတ် ကိုယ့်ဘာသာ ကိုယ် သတ်သေ သွားမှာကို စိုးရိမ်တဲ့ အတွက် ကြီးမားလှတဲ့ အယ်ဖာအဖေ မေတ္တာ ကြီးနဲ့ အိမ်မှာ အသက် ပြည့်တဲ့ အထိ နေခွင့်ပေးခဲ့ တာပဲ ဖြစ်တယ်။

တကယ်လို့ သူ့သားသာ မွေးကတည်း က ကောင်းမွန်နေမယ် ဆိုရင် ဆယ်နှစ်ပြည့်တာ နဲ့ တိုက်ရိုက်ပဲ အိမ်ထဲ ကနေ နှင်ထုတ်မှာ ပဲ ဖြစ်လေတယ်။ ဆယ်နှစ်သား ပဲ ရှိသေးတဲ့ ထိပ်တန်း လွှမ်းမိုး အယ်ဖာ တစ်ယောက်ရဲ့ စွမ်းအားကို လျစ်လျူမရှု ထားသင့်ပေ။

အယ်ဖာ တွေက အစောကတည်း မှ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်သူ တွေ ဖြစ်ကြပြီးတော့ ထိပ်တန်း အယ်ဖာတွေက ထို ဦးဆောင်သူ အယ်ဖာတွေကို ချုပ်ကိုင်နိုင်ကာ ရှားပါးတဲ့ ထိပ်တန်း လွှမ်းမိုး အယ်ဖာ တွေ ကတော့ တစ်သန်းပုံ ပုံမှ တစ်ယောက် ၂ ယောက်လောက် သာ ရှိနေ တာဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now