အပိုင်း (၂၁)

1.5K 182 2
                                    


(21)

မနက်ခင်း ၅ နာရီမှာတော့ မိတ်ကပ်ပြင်ပေးမယ့် သူတွေနဲ့ မင်္ဂလာ အဝတ် ဆင်မြန်း ပေးရမယ့် သူတွေက အန်းဇီရှို့ အိပ်နေတဲ့ ဘန်ဂလို တံခါး ကို ဖွင့်ပြီး ဝင်လာတဲ့ အခါမှာတော့ အတော့်ကို အလန့်တကြား ဖြစ်သွားခဲ့လေတယ်။

ဘာကြောင့်လဲ ဆိုတော့ အိပ်ယာကြီး ပေါ်မှာ လူ ၂ ယောက် ရှိနေခဲ့ လို့ပါပဲ။

တစ်ယောက်က အခု မင်္ဂလာဆောင်တော့မယ့် တက်သစ်စ ငွေကြယ်ပွင့် အန်းဇီရှို့ ဖြစ်ပြီးတော့ ကျန်တစ်ယောက် က ဘယ်သူ လဲ ဆိုတာ ကို မမြင်ရပေ။

မိတ်ကပ် ပြင်မယ့်သူတွေမှာ အသားကုန် အော်ပြီး ထွက်ပြေး သွားကြပေမယ့် အဝတ်စား ဝတ်ပေးရမယ့် အဖွဲ့ကတော့ ' အိပ်ယာပေါ်က ဖမ်းမိတဲ့ ' ဇာတ်ကွက်ကို သေချာ စောင့်ကြည့်နေခဲ့ ကြတယ်။

အော်သံ တစ်ချို့ကြောင့် ကျိူးချီ က အနောက်အယှက် ဖြစ်သွားပြီးတော့ အန်းဇီရှို့ရဲ့ ရင်ဘက်ထဲ ပိုတိုးဝင်အိပ်နေတုံး အန်းဇီရှို့ ကလည်း ပြန်ဖက်ပြီး ခေါင်းလေး ပုတ်ပေး ခဲ့လေတယ်။

နှစ်ယောက် စလုံးရဲ့ မျက်လုံးတွေ ကတော့ မှိတ်နေဆဲ ပါပဲ။

စောင့်ကြည့် နေတဲ့ အဖွဲ့ကတော့ အိပ်ယာပေါ်က လူနှစ်ယောက် အတွက် အမွေးတိုင် ထွန်းပြီးပြီ ပဲ ဖြစ်လေတယ်။

သေချာပေါက် ကျိူး မိသားစု က ခွင့်လွှတ်မှာ မဟုတ်လောက်ဘူးလေ။

အိုမီဂါအန်း ကလည်း အခုထိကို မျက်လုံး မဖွင့်သေးတာ ။

သူ့ရင်ခွင်ထဲ အိပ်နေတဲ့ သူ က ဘီတာလား ဒါမှမဟုတ် အိုမီဂါ များလား။

အယ်ဖာသာ ဆိုရင် ပယ်ရိုမုန်းတွေ လွင့်နေမှာလေ။

အိုမီဂါအန်း က အယ်ဖာကျိုးကို မကြိုက်ပဲ ဘီတာ ကောင်လေး နဲ့ ကြိုက်နေတာလား။

အဲ့ကောင်လေး က ရင်ခွင်ထဲ တိုးအိပ်​နေတာ ဆိုတော့ အိုမီဂါများ ဖြစ်နိုင်မလား။

အခုတစ်လော AA အတွဲ OO အတွဲတွေက ရေပန်းစား နေတာ ဆိုတော့ အိုမီဂါအန်းရဲ့ ရင်ခွင်ထဲ အိပ်နေတဲ့ သူကသာ အိုမီဂါ တစ်ယောက် ဆိုလို့ ကတော့ အန်းဇီရှို့က ဂေး ပေါ့။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now