အပိုင်း (23)

3.2K 340 4
                                    

(23)

သေချာတာပေါ့ နန်းတက်ပွဲ ညက ချီယာ့တို့ရဲ့ မင်္ဂလာဦးည ဖြစ်တာပေါ့။

ဧကရာဇ်နဲ့ ဧကရီက တစ်နေကုန် နန်းတက်လက်ထပ် ပွဲမှာ နေစရာ မလိုပေမယ့် မနက်အစော ထပြီးတော့ နေ့လည်ထိ နေခဲ့ရတာကြောင့် အရမ်းကို ပင်ပန်းတာတော့ ပြောနေစရာ မလိုပါချေ။

ချီယာ့က တစ်မနက်လုံး ပွေ့ချီ ပြီးတဲ့နောက်မှာတော့ ပွဲကျင်းပရာ က​နေ ထွက်သွားဖို့ အောက်ကို ချပေးလိုက်လေတယ်။ ထန်ချီ ကတော့ မျက်နှာကြီး နီရဲ​နေပေမယ့် သင်ကြားထားတဲ့ အတိုင်း ခေါင်းကိုလုံးဝမငုံ့ခဲ့ပေ။

ဧကရီတစ်ပါးဟာ ဧကရာဇ် က လွဲလို့ ရှက်ရွံတဲ့ အမူအရာ ကိုပြလို့မရပါပေ။ ဒါကြောင့် ဂုဏ်သိက္ခာ အပြည့်နဲ့ ခေါင်းကိုမော့ မေးကိုပင့်ထားကာ အဝတ်မလှုပ်ပဲနဲ့ ဧကရာဇ် ဘေးနားကနေ အတူတူ လမ်းလျောက် လာခဲ့တယ်။

ချီယာ့ရဲ့ ရင်ထဲမှာ ထို အိ​န္ဒြေအပြည့် ရှိချင်ယောင် ဆောင်တဲ့ ကောင်လေးကို တကယ့်ကို အသည်းယားနေခဲ့ ပါပြီ။ သူက ဧကရီ မတင်မြှောက် ဘူးတာလည်း မဟုတ်သလို အလှလေးတွေကို မမြင်ဘူး မသိမ်းပိုက် ဘူးတာမျိုးလဲ မဟုတ်ပေ။ ဒါပေမယ့် သူ့ရဲ့ စိတ်ကို ဆွဲဆောင်နိုင် တာကတော့ ဒီတစ်ယောက် ပဲ ရှိလေတယ်။

ဟုတ်ပါတယ်။

ထန်ချီက အရင်ဘဝ တုံးက သူနဲ့ တိုက်ခဲ့တဲ့ နောက်ဆုံး ကောအမျိုးသား လေးပါပဲ။

အင်အားကြီး ဝိဉာဉ် က သူ့ကိုယ်ကို ထိန်းချုပ်ထား တယ်ဆိုပေမယ့် အနက်ရှိုင်းဆုံး ပင်ကိုယ် အသိစိတ်က သူဖြစ်နေတဲ့ အတွက်ကြောင့် ထိုသူလေးက သူစိတ်ထဲက စွဲလမ်းမိသွားတဲ့ ပုန်ကန်သူ အလောင်းလျာ လေး ဆိုတာအဲ့ကတည်းက သိသွားတာပဲ ဖြစ်တယ်။

ပြီးတော့ သန့်စင်တဲ့ ကိုယ်ခန္ဓာစွမ်းအင်ကို ပိုင်ထားတဲ့ သူလေးပေါ့။

အရင်လတွေ တုံးက စီးခုန်ချီမြန်ကို အမြစ်ဖြတ်ဖို့ အလုပ်တွေ ရှုပ်နေတာကြောင့် ထိုကောင်လေးနဲ့ သူ အဝေးမှာ နေခဲ့ရတယ်။ အခုတော့ သူကြိုက်သလောက် ထိုကောင်လေး ကို ပွေ့ဖက် နမ်းရှုံ့ခွင့် ရသွားပါပြီ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now