အပိုင်း ( 9)

4.2K 525 20
                                    

(9) စာသင်ကြား ပေးခြင်း

စီးခုန်ချီယာ့ဟာ ခန့်အပ်လွှာ တွေကို ရေးလို့ ပြီးသွားတဲ့ အချိန်မှာပဲ ဟုန်ယိနဲ့ အိမ်တော်ထိန်းကျိုး အပြင် ထန်ချီပါ ရောက်လာခဲ့တယ်။

စာရေးလက်စ စုတ်တံကို ချလိုက်ပြီးတော့ သူက သူ့အမိန့်ကို စောင့်နေတဲ့ ထိုအုပ်စုကို လှမ်းကြည့်လိုက်တယ်။

'' ထန်ချီ မင်း ဒီဝမ်ရယ်ကို နှစ်သက်သလား''

ရုတ်တရက်ကြီး မေးခွန်းသတ် လိုက်တော့ ထန်ချီ ခမျာ ရှက်သွေးဖြာသွားကာ ဘေးက နှစ်ယောက် ကလည်း ပြောစရာ စကား စွန့်အ သွားလေတယ်။

ဒါက သူတို့ရဲ့ ကြီးမြတ်လှတဲ့ ဝမ်ရယ်မှ ဟုတ်ပါလေစ။ ဘယ်လို မေးခွန်းမျိုးတွေကို မေးချ လိုက်တာပါလိမ့်။ ကိုယ်ရေးအစေခံ တစ်ယောက်က သူ့သခင်ကို နှစ်သက် သည်ဖြစ်စေ ၊ မနှစ်သက့သည် ဖြစ်စေ ခစား ရမှာပဲလေ။

နောက်ပြီးတော့ သူတို့ ဝမ်ရယ်ရဲ့ မေးဟန်က အရေးပါတဲ့ လေးနက်တဲ့ တစ်စုံတစ်ရာကို မေးနေတဲ့ ဟန်ပါပဲ။

ထန်ချီလည်း ရှက်နေပေမယ့် မတက်နိုင်ပဲ အမြန်ဖြေလိုက် ရတယ်။

'' ဒီအစေခံ က အရှင့်ကို နှစ်သက်လှကြောင်းပါ ''

ပြန်ဖြေတဲ့စကား ကို ကြားပြီးတော့ ချီယာ့က ခေါင်းကို ငြိမ့်ကာ ပြောလိုက်တယ်။

'' ဒီဝမ်ရယ်က မင်းကို ကိုယ်လုပ်တော်ငယ် ရာထူး ခန့်အပ်မယ်။ ''

ချီယာ့က ပြောပြီးတာနဲ့ သူရေးထားတဲ့ အမိန့်ခန့်အပ်လွှာကို အိမ်တော်ထိန်းကျိုးရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။ အိမ်တော်ထိန်း ကျိိုး ကလည်း အမိန့်စာကို ယူကာ ဖတ်ပြလေတယ်။

'' ထန်ချီ အမည်ရှိတဲ့ ကိုယ်ရေး အစေခံက ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့ရဲ့ နှစ်သက်မှု ကြောင့် ယခုအချိန်မှ စလို့ ကျန်းနန်ဝမ်ရယ် စီးခုန် ချီယာ့ ရဲ့ ကိုယ်လုပ်တော်ငယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။  ''

ဖတ်ပြပြီးတာနဲ့ အိမ်တော်ထိန်း ကျိူးက ထိုစာအုပ်လေးကို ထန်ချီရဲ့ လက်ထဲကိုပေးလိုက်တယ်။ ထန်ချီကလည်း ရိုရို သေသေ ယူကာ ပြန်ဖြေလိုက်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now