အပိုင်း (27)

3K 270 3
                                    

(27) (extra 1 စီးခုန်ချီမြန်)

စီးခုန်ချီမြန်က ငယ်စဥ် ကတည်းက မွေးမယ်တော်ရဲ့ အချစ် တစ်ဝက်ကိုသာ ရခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူမမှာ အမွှာ ဖြစ်တဲ့ အမျိုးသားအစစ် စီးခုန် ချီလန် ရှိနေခဲ့လို့ ပါပဲ။

သူမကတော့ ကောအမျိုးသမီး ဖြစ်လေတယ်။

နန်းမျိုးဆက် သမိုင်းမှာတော့ ကောအမျိုးသမီး တစ်ယောက်က တော်ဝင် မျိုးနွယ် ဖြစ်ခဲ့ပါက နောက်ဆုံးတွင် ဧကရာဇ် အဖြစ် တင်မြောက် ရမယ် လို့ မှတ်တမ်းရေးရာ တွေ ရှိခဲ့တယ်။

ဒါပေမယ့် သူမရဲ့ မယ်တော်က 'ကော' တွေကို မုန်းတီးခဲ့ ပြီးတော့ သူမကိုလည်း စက်ဆုပ်ခဲ့တယ်။ အကြောင်းပြချက် ကတော့ သူမ ခမည်းတော်မှာ ကောအမျိုးသား ကိုယ်လုပ်တော် တစ်ယောက် ရှိခဲ့ ပြီးတော့ ထိုသူက ခမည်းတော်ကို ခိုးယူလိုက်လို့ ပါတဲ့လေ။

ဒါကို ဘာမှမဆိုင်တဲ့ သူမကိုယ်တိုင် မွေးထားတဲ့ ကလေးကို စက်ဆုပ်ခဲ့တယ်တဲ့လေ။ သူမက စီးခုန် ချီလန် ကိုသာ အိမ်ရှေ့စံ ဖြစ်စေလိုခဲ့တယ်။ ခမည်းတော်က သူမရဲ့ နန်းဆောင် ဆီကိုလာတာ အရမ်းကို ရှားပါးလာတယ်။ သူက ထိုကောအမျိုးသား ကြင်ယာတော် ဆီကို သွားတာပဲ များလာတယ်။

ဟုတ်တယ်။

အဲ့ကိုယ်လုပ်တော်က မင်းသားလေး တစ်ပါးကို မွေးဖွားပေးလိုက်တာ ကြောင့် တော်ဝင်ကြင်ယာတော် ဖြစ်သွားခဲ့တာလေ။

ဘယ်သူတွေက ဘယ်လိုပဲ ရည်မှန်းချက် တွေ ရှိနေပါစေ ခမည်းတော် ဧကရာဇ်က သူမကို သာ အရိုက်အရာ ဆက်ခံဖို့ ရွယ်ထားခဲ့တယ်လေ။

မယ်တော် ဧကရီက သားတော် စီးခုန်ချီလန် ကိုသာ စောင့်ရှောက် ထိန်းသိမ်းပြီးတော့ သူမကိုတော့ မျက်ကွယ်ပြုထားတယ်။ ဒါပေမယ့် သူမကိုတော့ ခမည်းတော်က စောင့်ကြည့်လျက် ရှိတယ်ဆိုတာ ချီမြန် သိခဲ့တယ်။

စီးခုန်ချီလန်က အမျိုးသား အစစ် ဖြစ်ပေမယ့် သူ့ရဲ့ အမွှာ ချီမြန် က နားချ သမျှကို ယုံတဲ့ အကျင့်ရှိတယ်။ ဒါကို မယ်တော် ကတောင် တားလို့ မရနိုင်ခဲ့ဘူး။ ချီမြန်က သူမရဲ့ မယ်တော်ကို မုန်းတီးတဲ့ အတွက်ကြောင့် ချီလန် ကို လီအမတ်ရဲ့ ကောသားငယ်လေး အား စေ့စပ်သူ အဖြစ် ထားဖို့ သွေးဆောင်ခဲ့တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now