အပိုင်း (16)

3.6K 430 12
                                    

( 16) ပုန်ကန်မှု အတွက် အစပျိုးခြင်း

စီးခုန်မေ့ဟွား ဆီကနေ စာရပြီးတဲ့နောက် တစ်ပတ် အတွင်းမှာပဲ ပေ့လန်ကျင်းက ကျန်းနန် မြို့ကို ရောက်လာခဲ့တယ်။ ပထမ အဆင့် စစ်သူကြီး ပေ့လန်ကျင်း အနေနဲ့တော့ ဘယ်ဟုတ်လိမ့်မလဲပေါ့လေ။

သူက ကျန်းနန်ကို ရောက်ပြီး တဲ့ နေ့ရဲ့ ညအချိန်မှာ စီးခုန် ချီယာ့ ဆီကို ဆက်သွယ်ခဲ့တယ်။

ပေ့လန်ကျင်း တစ်ယောက် အိမ်တော်ထဲ ဝင်လာတော့ ညသန်းခေါင် အချိန်ရှိနေပြီပဲဖြစ်လေတယ်။ စီးခုန် ချီယာ့ က သူ့ရဲ့ စာကြည့်ခန်းထဲမှာ ပေ့လန်ကျင်းကို စောင့်နေခဲ့တယ်။

''ပေ့အကိုကြီး မတွေ့ရတာ ကြာပြီဗျာ''

စီးခုန်ချီယာ့က စတင် နှုတ်ဆက်လိုက်တယ်။

'' မခံယူဝံ့ပါဘူး ဝမ်ရယ် ရယ်''

ပေ့လန်ကျင်း က အရိုအသေပေး လိုက်တယ်။

'' ရပြီ ရပ်တော့ ''

ပေ့လန်ကျင်းနဲ့ စီးခုန်ချီယာ့ဟာ ငယ်ရွယ်စဥ် အချိန်တုံးက ကစားဖော်ကစား ဖက်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ပေ့မိသားစုက ကလေးငယ်ကို စစ်လေ့ကျင့်ရေး နေရာကိုသာ ပို့လိုက်လို့ သူတို့အဲ့ကတည်းက ကွဲ သွားကြတာ ပဲ ဖြစ်လေတယ်။

'' ပေ့အကိုကြီးက ညသန်းခေါင် ကြီးမှာ ပန်ဝမ် နဲ့တွေ့ချင်တယ် ဆိုတော့ ဘာကိစ္စများပါလိမ့်''

ပေ့လန်ကျင်းက ခုံပေါ်ကို ဝင်ထိုင်ကာ အစေခံတွေ တည်ခင်းပေး ထားတဲ့ ရေနွေးကြမ်းကို အေးအေးလူလူ သောက် လိုက်ပြီးတော့ ပြောလေတယ်။

'' ကျုပ် ဘာကိစ္စကြောင့် လာသလဲ ဆိုတာကို ဝမ်ရယ် တကယ် မသိတာလား။ ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား ''

စီးခုန်ချီယာ့က သူ့ရဲ့ သွားစွယ်လေးတွေ ပေါ်တဲ့ အထိကို ရယ်လိုက်တယ်။

'' သိပါတယ်။ ဒါပေမယ့် ပေ့အကိုကြီး ပြောတာကို ရှင်းရှင်းလင်းလင်း သိချင်နေလို့လေ''

'' မင်းရဲ့ ပထမ သတို့သမီးကို ဧကရီ အဖြစ်တင်မြောက် ခဲ့ပြီးတော့ ဒုတိယ သတို့ သမီးကျပြန်တော့ အခု ကြင်ယာတော် ရှုဖေး ဖြစ်နေခဲ့ ပြီ။ မင်းက ဘာလို့ တွန့်ဆုတ် နေရတာလဲ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now