အပိုင်း (11)

3.9K 502 10
                                    

(11) ညီမျှတဲ့ အပေးအယူ (1)

သတို့သမီး ပို့ဆောင်ရေး အဖွဲ့တွေက ပြန်သွားတာနဲ့ နောက်ရက်မှာ ကြင်ယာတော် ခန့်အပ်ပွဲကို ကျင်းပ ရတော့မှာ ပဲ ဖြစ်လေတယ်။ အရင်က ဝမ်ရယ် အိမ်တော်ထဲမှာ ကြင်ယာတော် ထန်ချီ တစ်ယောက် ပဲ ရှိတဲ့ အတွက်ကြောင့် အနောက်ဆောင် တွေနဲ့ ပတ်သက်ပြီး ဘာမှ အထူးတလည်ကြီး ပြင်ဆင်ထားတာ မျိုး မရှိခဲ့ပါပေ။

ဘာလို့လ့ ဆိုတော့ ထန်ချီက ကြင်ယာတော် တစ်ယောက် ဖြစ်နေပေမယ့် သူကအမြဲတမ်း ဝမ်ရယ်ရဲ့ အိပ်ဆောင်မှာပဲ အိပ်ရလို့ ဖြစ်လေတယ်။ ဝမ်ရယ်အိမ်တော်က လူတွေရဲ့ အတွေးထဲ မှာတော့ မကြာခင် ကြင်ယာတော်ကြီး ထန်ချီက ကလေးလေး မွေးလာလောက်တယ် လို့တောင် ထင်နေကြလေတယ်။

ဟုန်ယိနဲ့ အိမ်တော်ထိန်း ကျိုးကသာ သူတို့ ဝမ်ရယ်က ကလေးငယ်ကို ကိုယ်ဝန်ဆောင်ခွင့် မပေးသေးမှန်း သိတာပဲ ဖြစ်လေတယ်။

ဟုန်ယိနဲ့ အိမ်တော်ထိန်း ကျိုးတို့ ခမျာ ကြီးမြတ်လှတဲ့ ဝမ်ရယ်ရဲ့ ရွေဉာဥ်တော် စူးရောက်တဲ့ စကားတွေ ကြားလိုက်ရတဲ့ အချိန်တုံးကဆို ထိန်းချုပ်ထား ရတဲ့ အမူအရာတွေတောင် ပျက်ယွင်း သွားခဲ့ရလေတယ်။

ဘာသောက်စကားတွေ ပြောနေတာလဲ!

အရှင်ပဲ ဆယ်နှစ်အရွယ် ဖူးပွင့်စ ကောလေးကို တော်ကောက်လာတာ မဟုတ်ဘူးလား!!

အဲ့တာကို ကိုယ်ဝန်ဆောင်ခွင့် မပေးချင်သေးဘူးပေါ့! !!

ကြောင်သူတော်လို အရှင်!

ထို နှစ်ယောက် ခမျာ သူတို့ရဲ့ အတွေးတွေ ကို ထုတ်မပြောရဲပါချေ။

ပြောချင်တဲ့ စကားတွေကို စိတ်ထဲ ပြန်ပြီးတော့ မျိုချ လိုက်ကာ သူတို့ရဲ့ အမူအရာမဲ့ ဟန်ပန်တွေကို ပြန်မျိုချ လိုက်ရပါတော့တယ်။

ဒါပေမယ့် သိပ်မကြာခင် ၄ လ အတွင်းမှာ ထန်ချီလေးက ကြင်ယာတော်ကြီး အဆင့်ရောက်သွားပြီ ဖြစ်လို့ သိပ်ပြီးစိတ်ပူနေစရာတော့ မရှိတော့ပါချေ။

ချီယ့ာ စိုးရိမ် တာက သူရဲ့ ညီဝမ်းကွဲ စီးခုန်မေ့ဟွား ကိုပါပဲ။ ကျင်းရှင်းနဲ့ လီချိန်ဟွာ တို့က တော်ဝင်မျိုးနွယ် မဟုတ်တဲ့ အပြင် အစကတည်းက အမိန့်တော်မှာ ကြင်ယာတော် အငယ်ရာထူး နဲ့ လာတာ ဖြစ်တဲ့ အတွက်ကြောင့်  သူတို့က ဘာကိုမှ စောဒက တက်မှာ မဟုတ်လေဘူး။ ဒါပေမယ့် ကြင်ယာတော်ကြီး ရာထူးအမိန့်နဲ့ လာတဲ့ စီးခုန်မေ့ဟွား ကတော့ ကြင်ယာတော်ငယ် ရာထူးကို ယူရရင် သေချာပေါက် ပြဿနာ ရှိလာနိုင်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now