အပိုင်း ( ၁၃)

1.5K 189 3
                                    

(13)

ကျိုးချီ က ဆေးဝါးတွေ ဖန်တီးနေချိန်မှာ အန်းဇီရှို့က ' အရူးလေး ' စတူရီယိုကို ဦးစီးဖို့ တုံဟူ ထံ ကနေ ပညာတွေ သင်ယူနေရ ပြီးတော့ ကျင်းလန် လုပ်ငန်းစု ဘရန်းတွေရဲ့ ပင်တိုင် ပြောရေး ဆိုရေး ရှိသူ ဖြစ်လာခဲ့တယ်။

ပြီးတော့ ' ငှက်ငယ်လေး ' ဆိုတဲ့ သီချင်းကိုလည်း ထပ်ထုတ်လိုက်လေတယ်။ သူက အနုပညာ လုပ်ပြီး ငွေကြယ်ပွင့် ဖြစ်လိုတာ မှန်ပေမယ့် သူက သရုပ်ဆောင် လုပ်မှ ရယ် ဆိုပြီးတော့ အစွဲအလမ်း မရှိပေ။

ပြီးတော့ ဇာတ်လမ်းတွဲ ရိုက်ရင်း ကြိုက်ပြီး လက်ထပ် သွားကြတဲ့ AO သရုပ်ဆောင် စုံတွဲတွေက များလေတော့ သူက ဇာတ်ကားကို သိပ်ပြီး မရိုက်လိုတာ ပဲ ဖြစ်တယ်။

အရင်က ' ထွက်ပြေးနေသော အလှလေး ' ခွေးသွေး ဒရမ်မာ ကို လက်ခံ လိုက်တယ် ဆိုတုံး က သူဟာ အနုပညာ လောကထဲကို ခြေတစ်လှမ်း အစပြုလိုက်တာ ပဲ ဖြစ်တယ်။ အခုတော့ သူ့ယောက္ခထီး က စတူရီယို လက်ဖွဲ့ ပြီးတော့ ပင်တိုင်ကြော်ငြာ ပြောရေးဆိုရေး ရှိသူ အဖြစ် ကမ်းလှမ်းထားတာ ဖြစ်လို့ ဇာတ်ကား ဆက်မရိုက်လည်း သူ့ရဲ့ ပရိတ်သတ် တွေက သူ့ကို မေ့သွား တော့မှာ မဟုတ်ပေ။

ပြီးတော့ သူ့ရဲ့ ပရိတ်သတ် ဆိုတာ ကလည်း သီချင်း ကိုကြိုက်တဲ့ သူက ပိုများတာ ကြောင့် သူစိတ်မပူပေ။ သူက ကြိုးစား နေချိန် အတွင်းမှာ ပဲ သူ့အယ်ဖာ လေးက ဆေးတွေ တစ်မျိုးပြီး တစ်မျိုး ဖန်တီးခဲ့တယ်လေ။ အန်းဇီရှို့ ခမျာ သူ့နဲ့ လက်ထပ်မယ့် အမျိုးသားက ဘယ်လောက်တောင် တော်ပြီးတော့ ထတက်မြတ်နေတာ လဲ ဆိုတာ ​တွေ့လိုက်ရတော့ သူ့ခမျာ အရမ်းကို ပဲ ဂုဏ်ယူ ရလေတယ်။

သူတို့နှစ်ဦး ရဲ့ အချိန် တွေ ကအကျိုး ရှိတဲ့ အရာတွေနဲ့ တဖြေးဖြေး ကုန်ဆုံး သွားပြီးတော့ မင်္ဂလာပွဲ ကလည်း တဖြေးဖြေး နီးလို့ လာပါပြီ။ ဒါပေမယ့် သူတို့ နှစ်ယောက်ဟာ ဒီကြားထဲ မျက်နှာချင်း မဆိုင် ဖြစ်ခဲ့ ကြပေ။ ဒါကြောင့် အယ်ဖာလေး ကျိုးချီဟာ သူ့ရဲ့ ဇီရှို့ ကောကော ကို ဖုန်းလှမ်းဆက် ပြီးတော့ အိမ်ကို ပြန်လာသင့်ကြောင်း နဲ့ သူ့ကို ပစ်မထား သင့်ကြောင်း ဂျီကျ လာတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now