အပိုင်း (၁၁)

1.5K 207 1
                                    

(၁၁)

ရှင်းယွဲ့တောင်မှာ သူတို့ ဗီလာ ပေါင်းဝယ် လိုက်တယ် ဆိုတဲ့ သတင်း က အဖေ ကျိုး ဆီကို ရောက်ဖို့ သိပ်မကြာလိုက်ပါပေ။

အဖေ ကျိူးက နှစ်ယောက် ပေါင်းပြီ ဝယ်လို့တဲ့ ကလေးတွေရဲ့ အချစ်ကစား နည်း အသစ်ကို အင်မတန်မှ သဘော ကျသွားပြီးတော့ ည အချိန်မှာ ချီရွေ့ကို သူတို့အတူ ပေါင်းပြီး အိမ်တစ်လုံး ဝယ်ကြဖို့ ဆွဲဆောင် ပြောဆိုတဲ့ အခါ မှာတော့ ကျိုးဟန်ဟာ ဆဲသံ တစ်ခု နဲ့ အတူ ပါးတစ်ချက် ပါ အပိုဆု နဲ့ ရသွားတော့တယ်။

ဒါ့အပြင် တစ်ညလုံး လဲ အခန်းထဲ ဝင်ခွင့် မရပဲ ဧည့်ခန်း ထဲက ဆိုဖာ မှာသာ အိပ်စက်လိုက် ရတော့တယ်။

သူက ချီရွေ့ရဲ့ ဘယ်နဂါးအကြေးခွံ ကို သွားထိ လိုက်မှန်း မသိပေ။ နောက် တစ်ပတ်လောက် အထိ အခန်းပြင် သိပ်ခံ ရတဲ့ အပြင် စကားလဲ မပြောခဲ့ပေ။

နောက်ဆုံးရက်မှာတော့ ချီရွေ့ ကအရက်မူးလာပြီးတော့ သူ့ကို အိပ်ယာပေါ်ဆီ ဆွဲခေါ်သွားတော့မှ ပဲ ဘယ်ဟာ က စိတ်ဆိုး စေတယ် ဆိုတာ ကို သိသွားတော့တယ်။

သူတို့က အိမ်ထောင်ပြုပြီးလို့ သူတို့သား တောင် လက်ထပ်တော့မယ့် အချိန်မှာမှ ကျိူးဟန် က သူ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုပြီး ခွဲခြားလိုက်လို့ စိတ်ဆိုးသွားတာ ပဲ ဖြစ်လေတယ်။

အခုချိန်မှာတော့ သူတို့လင်မယား နှစ်ယောက် က ပြန်တည့် သွားပြီပဲ ဖြစ်လေတယ်။ ကျိူးချီ ကတော့ သူ့အဖေ နဲ့ ဖေဖေ တို့ရဲ့ အချစ်စမ်းပွဲကို မမြင်ချင်တော့တာ ကြောင့် လွန်ခဲ့တဲ့ ၂ ရက်ကတည်းက တက်ကြွတဲ့ ကြက်ဖ လေးလို သူ့ကောကော နဲ့ အတူတူ အသိုက်အသစ်လေး ဆီကို ပြောင်းရွေ့သွား ပြီပဲ ဖြစ်တယ်။

သူတို့ နှစ်ယောက်လုံး က လုံခြုံ အေးဆေးတဲ့ စတိုင် လေး ပြင်ဆင် ပြီးတော့ ပြောင်းရွေ့နေ ကြပြီပဲ ဖြစ်လေတယ်။ ဒါပေမယ့် အန်းဇီရှို့ ကတော့ တရားဝင် ပြောင်းမလာသေး ပါဘူး။

သူက လက်ထပ်ပြီးမှ တရားဝင် ပြောင်းလာမှာ ဖြစ်ပြီးတော့ အခုချိန်မှာတော့ နေ့လည်ခင်းပိုင်း အားတဲ့ အချိန် တစ်ချို့လောက်သာ ခဏတစ်ဖြုတ် လာကြည့်ပြီး အနားယူလာတာ ပဲ ဖြစ်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now