အပိုင်း (10)

4.5K 512 8
                                    

(10) သတို့သမီး၃ယောက်

ဧကရာဇ်ရဲ့ အမိန့်တော် အရ နန်းမြို့တော်ထဲက ကော အမျိုးသားလေး တွေကို စုစည်းပြီးတော့ ရွေးချယ်ပွဲကို ကျင်းပခဲ့ကြတယ်။ အရင်မင်းဆက်တွေ လက်ထပ်မှာ ထိုကဲ့သို့ ကောလေးတွေ ချည်းပဲ ရွေးလေ့ ရှိတဲ့ သီးသန့်ပွဲလေးတွေ ရှိပေမယ့် အကုန်လုံးက ဧကရာဇ်ရဲ့ မောင်းမဆောင်ထဲ ရောက်ကုန် ကြတာပဲ ဖြစ်လေတယ်။ အခုချိန်မှာတော့ လက်ရှိ ဧကရာဇ်က ကောအမျိုးသမီး ဖြစ်တာကြောင့် ကောအမျိုးသားတွေကို သူမရဲ့ မောင်းမ ဆောင်ထဲ ခေါ်မှာ မဟုတ်ဘူးလို့ တွေးမိကြတယ်။ ဒါပေမယ့်လည်း ကောအချင်းချင်း ကြိုက်တဲ့ တစ်ချို့ သာဓက တွေလည်း ရှိတာကြောင့် တစ်ချို့ကတော့ ဧကရာဇ်ဟာ ကောလေးတွေ နဲ့လည်း မြည်းစမ်း ကြည့်ချင်လို့ ရွေးချယ်ပွဲ လုပ်ခိုင်းတယ် လို့ ထင်မြင်ချက် ပေးကြတယ်။

ဒါပေမယ့် လည်း ဧကရာဇ်ရဲ့ အမိန့်စာ အတိုင်းမလို့ နန်းမြို့တော်က ရာထူးကြီး အမတ်အိမ်ကအစ ကုန်သည် ပွဲစား တွေရဲ့ ကောသားတွေ အထိပါ ပါဝင်လေတယ်။

အမတ်တွေ တစ်ချို့ကတော့ နိုင်ငံ ချစ်ကြည်ရေး လုပ်တဲ့ အချိန်မှာ လက်ဆက်ပေး ဖို့ လေ့ကျင့်ပေး မယ်လို့ထင်နေကြတယ်။ ဒါပေမယ့် ဘယ်သူမှ မတွေးမိတာက ထိုကော အမျိုးသားလေးတွေကို ကျန်းနန်ဝမ်ရယ် ရဲ့ အိမ်တော်ထဲကို သွင်းပေး မလို့ ဆိုတာကိုပေါ့။

၃ ရက်တိုင်တိုင် ရွေးချယ်ပွဲ လုပ်ပြီးတဲ့နောက် တတိယ အဆင့် စစ်သူကြီးရဲ့ ဒုတိယမြောက်သား ၊ သာသနာရေး ဝန်ကြီး ရဲ့ အကြီးဆုံးသား နဲ့ တော်ဝင်မင်းသား (ချီယာ့ဦးလေး) ရဲ့ သားအငယ်ဆုံး ကိုရွေးချယ်လိုက်လေတယ်။

စစ်သူကြီးရဲ့ ဒုတိယမြောက် ကောသားလေးဟာ အခု အသက် ၁၆ အရွယ်ရောက်နေပြီးတော့ ဖခင်လိုမျိုး ခိုင်မာတဲ့ စိတ်ဓာတ်ရှိကာ အတော်လေး လှတဲ့ ထဲမှာပါလေတယ်။

သာသနာရေး ဝန်ကြီးရဲ့ အရှက်ရစရာ အကြီးဆုံး ကောသား ကတော့ အသက် ၂၆ နှစ် ရှိပြီ ဖြစ်ပြီးတော့ လှပ ပြီး ဆွဲဆောင်မှုအား အလွန်ပြင်းတဲ့ ကိုယ်လုံးလေး ရှိကာ နန်းမြို့ရဲ့ ကောအမျိုးသားတွေ ထဲမှာ ထိပ်ဆုံး ၃ ယောက် စာရင်းထဲ ပါလေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now